News

POST TYPE

POPULAR POST

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန် ကြားချက် ကို ကန့်လိုက်တိုက်ခြင်း မဟုတ်ဟု လျှပ်စစ်နှင့် စွမ်းအင် ဒုတိယ အမြဲတမ်းတွင်းဝန် ပြော
15-May-2020


နေပြည်တော်၊ မေ ၁၅

ပြည်သူများ လျှပ်စစ်သုံးစွဲမှုမှ ငွေကြေးကုန်ကျမှု သက်သာစေရန် ရည်ရွယ် ၍လျှပ်စစ်မီတာခများကို  ယူနစ် ၁၅၀ အခမဲ့ သုံးစွဲခွင့်ပြုရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က  ညွှန်ကြားခဲ့သော်လည်း ယခင်လများထက် ပိုဆောင်း၍ ရမည့် အခြေအနေ ကို ရောက်ရှိနေခြင်း မှာ  ကန့်လိုက်တိုက်ခြင်း မဟုတ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မှ ဒုတိယ အမြဲတမ်းတွင်းဝန် ဦးစိုးမြင့်က ပြောဆိုလိုက်သည်။

ယင်းကဲ့သို့ လျှပ်စစ်မီတာခများ များစွာ ပိုပေးရသည့် အခြေအနေမှာ မီတာဖတ်စာရေး၏ မှန်းဆ တွက်ချက်ခြင်း ကြောင့် သုံးစွဲသူ၏ ယခင်ကြွေးကျန်များ ကြောင့်သော်လည်းကောင်း၊လျှပ်စစ်ကို ပိုမိုသုံးစွဲခြင်းကြောင့်သော် လည်းကောင်း ဖြစ်နိုင်ခြေရှိကြောင်း ဦးစိုးမြင့်က ပြောဆိုလိုက်သည်။

"ကန့်လန့်တိုက်တာတာမဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ရဲ့ မူဝါဒအတိုင်း လုပ်ထုံးလုပ်နည်း နဲ့ အညီ လုပ်ပြီးတော့ လုပ်ပေးတာပဲ ဖြစ်ပါတယ်"ဟု ဒုတိယ အမြဲတမ်းတွင်းဝန် ဦးစိုးမြင့်က က ပြောသည်။

ပြည်သူလူထု သုံးစွဲလျှက်ရှိသော လျှပ်စစ်မီတာခများကို လျော့ပေးခြင်းနှင့် ပြောင်းပေးခြင်းလုပ်ငန်းစဉ်ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုခွင့်ပြုချက် ( တာဝန်နှင့်လုပ်ပိုင်ခွင့် )ဖြင့်သာ လုပ်ဆောင်ခွင့် ရှိကြောင်း ဒုတိယ အမြဲတမ်းတွင်းဝန် ဦးစိုးမြင့်က ပြောဆိုလိုက်သည်။

"လျှပ်စစ်ဥပဒေမှာကိုက ပြဌာန်းထားပြီးသားပါ ။လျှပ်စစ်ဓါတ်အားခပြောင်း မယ်ဆိုလည်း ကျနော်တို့ ဝန်ကြီးဌာ နက ပြောင်းလို့မရပါဘူး။လျှပ်စစ်ဓါတ်အားခ တွေ လျော့ပေးဖို့ဆိုတာကလည်း ဝန်ကြီးဌာန သဘောနဲ့ လျော့လို့ မရပါဘူး။ကျနော်တို့ရဲ့ ပြောင်းလွယ်ပြင်လွယ် ရှိတဲ့ အရာတွေ အားလုံးကို ပြည်ထောင်စု အစိုးရ အဖွဲ့ကို တင်ပြပြီး မှဆောင်ရွက်လို့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် လျော့ပေးတယ် ၊မီတာခတွေ ပြောင်းတယ်ဆိုတာ ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ အစည်းအဝေးရဲ့ အတည်ပြုချက် နဲ့ပဲ လုပ်လို့ရတယ် ဆိုတာ တင်ပြလိုပါတယ်"ဟု ၎င်းက ပြောသည်။

လျှပ်စစ် မီတာခ အမှန် တကယ် သုံးစွဲသည်၌ အတိုင်းပေးဆောင်နိုင်ရန် မီတာဖတ်စာရေးသည် လစဉ်မီတာဖတ်သည့် အချိန်၌ တစ်လတာ သုံးစွဲထား သည့် ယူနစ်ကို သုံးစွဲသူ အိမ်ရှင် နှင့် တွေ့ဆုံ၍ နှစ်ဦးနှစ်ဖက် လက်မှတ်ထိုး၍ သော်လည်းကောင်း အသိပေးလုပ်ဆောင်စေမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန မှ ထံမှ သိရသည်။ 

S -01   
Aung Htet