News

POST TYPE

POPULAR POST

နေအိမ်ပေါ်တက် မုဒိမ်းမှုကျူးလွန်ရန်ကြံစည်သူကို ဝါးလုံးဖြင့် ရိုက်သတ်
11-May-2020
ရန်ကုန်၊ မေ ၁၀

ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက်တွင် မေ ၉ ရက် ညနေပိုင်းက အိပ်ပျော်နေသည့် အမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်သည့်အမျိုးသားကို ဝါးလုံးဖြင့် ရိုက်သတ်ခဲ့ကြောင့် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အသတ်ခံရသည့် အမျိုးသားမှာ ကန်တော်ရပ်ကွက်နေ အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသမီး၏ နေအိမ်ပေါ်သို့ တက်ရောက်ပြီး မုဒိမ်းမှုကျူးလွန်ရန် ကြံစည်စဉ် ယင်းအမျိုးသမီးက နေအိမ်အတွင်းရှိ ဝါးလုံးဖြင့် ရိုက်နှက်သောကြောင့် ၎င်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ယင်းသို့ ထွက်ပြေးတိမ်းရှောင်စဉ် လမ်းခုလတ်အရောက် အဆိုပါ အမျိုးသားမှာ လဲကျသေဆုံးခဲ့သောကြောင့် လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသမီးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းအိပ်ပျော်နေချိန် သေဆုံးသူ အမျိုးသားက မုဒိမ်းမှုကျူးလွန်ရန် ကြံစဉ်သဖြင့် ကြောက်လန့်ပြီး ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်း၍ ဝါးလုံးပိုင်းဖြင့် ရိုက်နှက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03