News

POST TYPE

POPULAR POST

တစ်နေ့ ဝိုင်တစ်ခွက် သောက်ခြင်းက နှလုံးကျန်းမာရေးကို အထောက်အကူပြုဟုဆို
03-Dec-2016
တစ်နေ့ ဝိုင်တစ်ခွက်လောက် ပုံမှန်သောက်သုံးခြင်းဟာ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို မဖြစ်ပွားစေဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ထိန်းထိန်းသိမ်းသိမ်း သောက်မယ်ဆိုရင် အကျိုးကျေးဇူးတောင် ရှိနိုင်ကြောင်း သုတေသီအချို့က ဆိုပါတယ်။

တစ်နေ့ တစ်ခွက်လောက် ပုံမှန်သောက်သုံးခြင်းဟာ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေကို မဖြစ်ပွားစေဘူးလို့ ယင်းပညာရှင်တွေက ဆိုပါတယ်။

ပျှမ်းမျှအားဖြင့် တစ်ပတ်အတွင်းကို ဝိုင် ဒါမှမဟုတ် ဘီယာ ၁၄ ခွက်လောက် သောက်သုံးခြင်းဟာ နှလုံးနဲ့ ပတ်သတ်ပြီး ခန္ဓာကိုယ်အတွင်း အလုပ်လုပ်ပုံ ကောင်းလာစေတဲ့အပြင် သွေးလွှတ်ကြောတွေ အလုပ်လုပ်ပုံကိုလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

နှလုံးဆီကို အရောက်သွားတဲ့ သွေးလွှတ်ကြောတွေရှိရာ လမ်းကြောင်းမှာ သွေးခဲ ပိတ်ဆို့နေတာမျိုးတွေကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

အပြန်အလှန်အားဖြင့် အလွန်အကျွံ သောက်သုံးလေ့ရှိတဲ့ သူတွေကတော့ ဒီလိုမဟုတ်ပဲ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ အဖြစ်များစေတယ်လို့ ဆိုပါတယ်။

အကြောင်းကတော့ ပုံမှန်ထက် အလွန်အကျွံ သောက်သုံးလာတဲ့အခါ နှလုံးကြွက်သားတွေ အားနည်းလာပြီး အဲဒီလူရဲ့ သွေးဖိအားကို တိုးလာစေတာကြောင့် အသက်အန္တရာယ် ရှိလာစေတယ်လို့ သိရပါတယ်။

အသက် ၅၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေ အနေနဲ့တော့ တစ်ပတ်ကို ငါးခွက်လောက် သောက်ပေးမယ် ဆိုရင် နှလုံးနဲ့ပတ်သတ်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရမှာဖြစ်ကြောင်း ဗြိတိန် နှလုံးကျန်းမာရေး ဖောင်ဒေးရှင်းက ပြောထားပါတယ်။

ဒါပေမယ့် နှလုံးကျန်းမာရေးအတွက် အရက်နဲ့ ပတ်သတ်ပြီး လေ့လာမှုတွေထဲမှာ သုတွေသီတွေ ကြားထဲမှာကို ကွဲလွဲပြီး အငြင်းပွားစရာတွေ ဖြစ်နေဆဲ ဖြစ်ပါတယ်။

Ref : The Sun