News

POST TYPE

POPULAR POST

Facebook ပေါ်မှာ ဖတ်စရာ
03-Dec-2016
ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကာတွန်းတွေထဲ အဆော့သန်လွန်းလို့၊ ပေါက်တီးပေါက်ရှာ မေးခွန်းတွေ မေးတတ်တဲ့ ကာတွန်းဇာတ်ကောင်ကို မှတ်မိကြပါသလား။

ဦးကြောင်ဇရပ်နဲ့ ဒေါ်မယ်သုန်တို့ရဲ့သား၊ ကာတွန်းအောင်ဇေယျရဲ့ ဇာတ်ကောင် ဂျောက်ဂျက် ဆိုရင်တော့ မှတ်မိကြမယ် ထင်ပါတယ်။

အဆော့မက်လွန်းလို့ မကြာခဏ အဆူခံ၊ အဆဲခံရပေမယ့် အဆော့မပျက်တဲ့ ဂျောက်ဂျက်နဲ့ အတူတူ ကြီးပြင်းလာကြတဲ့သူတွေ အနေနဲ့ အလွမ်းပြေ ဖတ်ချင်ကြမှာပါ။

ခုလို အင်တာနက်ခေတ်ကြီးမှာ စာအုပ်ငှားဆိုင်တွေကလည်း တဖြည်းဖြည်း ရှားပါးလာလို့ ဆိုင်တွေမှာ စာအုပ်ငှားဖို့ကလည်း သိပ်မလွယ်တော့ပါဘူး။

ငယ်ငယ်က အတူတူကြီးပြင်းပြီး ရင်းနှီးခဲ့ရတဲ့ ဂျောက်ဂျက်ကာတွန်းတွေကို လွယ်လွယ်ကူကူ ဖတ်လို့ရပါပြီ။

Search Box မှာ ဂျောက်ဂျက်ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဂျောက်ဂျက်ကာတွန်းတွေကို စုစည်းထားတဲ့ စာမျက်နှာတစ်ခု ကျလာပါလိမ့်မယ်။

အဲ့ဒီစာမျက်နှာမှာ ဂျောက်ဂျက်ကာတွန်းတွေ သာမက ကာတွန်းအောင်ဇေယျရဲ့ တခြားကာတွန်းတွေကိုပါ ဖတ်ရှုနိုင်မှာပါ။

ကဲ ဂျောက်ဂျက် ပရိသတ်တို့ရေ ဖုန်းထဲကို ပိုက်ဆံဖြည့်ပြီး www.facebook.com/ဂျောက်ဂျက်ကာတွန်း-202242496544873/ ကနေ တစ်ဆင့် ဂျောက်ဂျက်ကာတွန်းတွေ ဝင်ဖတ်ကြရအောင်။