News

POST TYPE

POPULAR POST

ငွေလဲကောင်တာတွင် သေနတ်ပစ်ဖောက် ဓားပြတိုက်
03-Dec-2016 tagged as ဓားပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ M.S Group Money Changer (ငွေလဲကောင်တာ) တွင် ယနေ့ (ဒီဇင်ဘာ ၃ ရက်) မွန်းလွဲ ၁ နာရီခွဲက မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးက မိုးပေါ်သေနတ်ပစ်ဖောက်ပြီး ငွေများ လုယက်ခဲ့ကြောင်း ယင်းဆိုင်ထံမှ သိရသည်။

“သေနတ်ပစ်ဖောက်သံ နှစ်ချက်ကြားလို့ ဆိုင်ထဲ ဝင်ကြည့်ချိန် မျက်နှာဖုံး စွပ်ထားသူ နှစ်ယောက်က ဆိုင်ရှင်ကို မှောက်ခိုင်းပြီး သေနတ်နဲ့ ချိန်ထားတယ်။ ကျွန်တော်က အပြင်ပြန်ပြေးထွက်ပြီး ဓားပြတိုက်နေပါတယ် အော်ခဲ့တာ” ဟု ယင်းဆိုင်ရှိ လုံခြုံရေးဝန်ထမ်း အမျိုးသားက ပြောသည်။

ဆိုင်ထဲ ဓားပြဝင်တိုက်သူ နှစ်ဦးမှာ အငှားယာဉ်တစ်စီးဖြင့် ယင်းဆိုင်သို့ ရောက်ရှိလာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကာ ငွေများလုယူ၍ ဆိုက်ရှိ CCTV ကင်မရာများ ဖြုတ်ယူသွားသည်။

“လုယက်သူနှစ်ယောက်က ဆာလာအိတ်ထဲ ပြီး ထုတ်ယူသွားတာ။ သူတို့နဲ့ ပါလာတဲ့ တက္ကစီသမားက ကြောက်ပြီး မလိုက်တော့လို့ မြဝတီလမ်းဘက်ကို သူတို့နှစ်ယောက် ထွက်သွားတာ။ အနောက်က လိုက်ဖမ်းတဲ့ လူအုပ်ကိုပါ သေနတ်နဲ့ ထပ်ပစ်သေးတယ်။ ကြောက်လို့ လိုက်မဖမ်းရဲတော့ဘူး” ဟု ရှမ်းကုန်းလမ်းနေ အမျိုးသားတစ်ဦးက ပြောသည်။

ဓာတ်ပုံ - ခိုင်စိုးလင်း