News

POST TYPE

POPULAR POST

ရေကူးခြင်း၏ အကျိုးကျေးဇူးများ
02-Dec-2016

ရေကူးခြင်းက အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ ရေကူးခြင်းကြောင့် အေရိုးဗစ် လေ့ကျင့်ခန်း လုပ်သလို၊ အလေးမ လေ့ကျင့်ခန်းလုပ်သလို၊ အပြေးလေ့ကျင့်တဲ့ လေ့ကျင့်ခန်း လုပ်သလို အကျိုးတွေ ရနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ရေကူးခြင်းဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေထဲက တစ်ချို့ကို ဖော်ပြရမယ် ဆိုရင်တော့ -

၁။ ကြွက်သားသန်မာစေ

ဒါကတော့ အားလုံးနီးနီး သိပြီးသားအရာ ဖြစ်ပါတယ်။ ခန္ဓာကိုယ် တစ်ခုလုံးက ကြွက်သားတွေဟာ ရေကူးခြင်းကြောင့် ပိုပြီးသန်မာလာစေပါတယ်။ သင်ရဲ့ခြေထောက်၊ လက်မောင်း၊ လက်ဖျံတို့အပြင် ဗိုက်ကြွက်သားတွေပါ သန်မာလာစေပါတယ်။

၂။ အရိုးသန်မာစေ

အရိုးသန်မာဖို့ဆိုတာ အလေးမ လေ့ကျင့်ခန်းလုပ်မှပဲ ရမယ်ကိစ္စပါ။ ဒါပေမယ့် ရေကူးရင်တော့ သင့်ရဲ့အရိုးတွေဟာ အလေးမသမား တစ်ယောက်လိုပဲ သန်မာလာစေမှာ ဖြစ်ပါတယ်။ အပြေးသမားတွေလည်း အရိုးသန်မာလာနိုင်ချေ ရှိပေမယ့် ရေကူးတာက ပိုပြီးထိရောက်တယ်လို့ ဆိုပါတယ်။

၃။ ယောင်ယမ်းခြင်း

တစ်ခါတစ်ရံမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ယောင်ယမ်း နာကျင်နေတတ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ရုံသာမက ခန္ဓာကိုယ် ပြင်ပအစိတ်အပိုင်းတွေ ကောင်းမွန်ဖို့အထိ ရေကူးခြင်းက အထောက်အကူ ပေးပါတယ်။

၎။ ကယ်လိုရီ လောင်ကျွမ်းစေ

ရေကူးခြင်းဟာ ကယ်လိုရီ လောင်ကျွမ်းစေတယ်လို့ အများက သိထားကြပေမယ့် ဘယ်လောက်အထိ လောင်ကျွမ်းစေလဲ ဆိုတာကို ဆက်သိဖို့ ကြိုးစားသူ အနည်းငယ်သာ ရှိပါတယ်။ ရေကူးခြင်းကြောင့် ကယ်လိုရီ လောင်ကျွမ်းမှုဟာ အရမ်းကို ထိရောက်ပါတယ်။ ပြေးခြင်းထက် ရေကူးခြင်းက ပိုပြီး ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

၅။ ဖိအားနဲ့ စိတ်ဓာတ်ကျဆင်းမှုကို ကာကွယ်

အလုပ်အကိုင်၊ လူမှုရေး အခြေအနေတွေကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေ၊ ဖိအားတွေ ဖြစ်လာတတ်ပါတယ်။ ခန္ဓာကိုယ်အတွင်းမှာ ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်ဆိုတာ ရှိပါတယ်။ အဲဒီဟော်မုန်းဓာတ်ဟာ ရေကူးလိုက်ရင် ထွက်လာတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Ref: Life Hack