News

POST TYPE

POPULAR POST

ပဲခူးတိုင်းအတွင်း ပြည်ပပြန် ၉,၀၀၀ ကျော်ကို‌ စောင့်ကြည့်၊ ရောဂါပိုးတွေ့သူ ၄ ဦးရှိ
05-Apr-2020

တောင်ငူ၊ ဧပြီ ၅

ပဲခူးတိုင်းဒေသကြီး ခရိုင်လေးခုတွင် ဧပြီလ ၄ ရက်နေ့ထိ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူ ၉,၀၀၀
 ကျော်ကို သီးခြားစောင့်ကြည့်နေပြီး ရောဂါပိုးတွေ့ရှိသူ ၄ ဦးနှင့် သံသယလူနာ ၁၅ ဦး ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ထုတ်ပြန်မှုများအရ သိရသည်။

"လတ်တလော ရောဂါပိုးတွေ့တဲ့ ပေါက်ခေါင်းဒုအုပ်ချုပ်ရေးမှူးမိသားစု ကျန်းမာရေးတိုးတက်ပါတယ်" ဟု ပဲခူးတိုင်း လူ့စွမ်းအားအရင်းအမြစ်နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးထွန်းထွန်းဦးက ပြောကြားသည်။

ပဲခူးခရိုင်တွင် Facility Quarantine စခန်း ၃၆၄ ခု၊ တောင်ငူခရိုင်တွင် ၂၁၄ ခု၊ ပြည်ခရိုင် တွင် ၁၂၁ ခုနှင့် သာယာဝတီခရိုင်တွင် ၁၃၉ ခုထားရှိ စောင့်ရှောက်ပေးထားကြောင်း ပဲခူးတိုင်းအစိုးရက ထုတ်ပြန်သည်။

"ပဲခူးတိုင်းအစိုးရအဖွဲ့က ကောလာဟလ‌လွင့်သူတွေနဲ့ ရောဂါကာကွယ်ရေးအနှောင့်အယှက်ပေးနေသူတွေကို အရေးယူတာကောင်းတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက‌တော့ နဖူးတွေ့ဒူးတွေ့ မကြုံသေးတော့ မဝေဖန်နိုင်သေးဘူး" ဟု တောင်ငူမြို့ခံတစ်ဦးက ပြောကြားသည်။

R-02