News

POST TYPE

POPULAR POST

ရေတာရှည်တွင် မမှန်သတင်းလွှင့်သူကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအက်ဖြင့် အမှုဖွင့်
04-Apr-2020


တောင်ငူ၊ ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်တွင် ဧပြီလ ၃ ရက်နေ့ ည ၁၂ နာရီခန့်က ကိုရိုနာဗိုင်းရပ်စ်ရောဂါ သတင်းနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် ရေးသားဖော်ပြသူကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအက်ဥပဒေဖြင့် အမှုဖွင့်လှစ်ခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းထံမှ သိရသည်။

"မမှန်သတင်းလွှင့်သူကို ပြင်းထန်စွာသတိပေးပြီး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းလိုက်မယ်။ ခုချိန် အလုပ်ပိုတွေလည်း မလုပ်ချင်ဘူး" ဟု ရေတာရှည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က ပြောကြားသည်။

ရေတာရှည်မြို့နယ်သူ/သားများ ဆုံစည်းရာဂရုတွင် ဦးဘုန်းမြင့်မိုရ် (၃၆နှစ်) မင်းရဲကျော်စွာလမ်း လေထိုးကျွတ်ဖာလုပ်ငန်းလုပ်ကိုင်သူသည် ဦးဘုန်းမြင့်မိုရ် Facebook အကောင့်ဖြင့် ရေတာရှည်မြို့ ဘရင်းကုန်းကျေးရွာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ Positive ဖြစ်ပွားနေပြီး ကြိတ်ကုသနေရသည်ဟု မမှန်သတင်းကို ရေးသားခဲ့သည့်အတွက် ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က တရားလိုပြုလုပ် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ရေတာရှည်မြို့မရဲစခန်းမှသိရသည်။

ထို့ကြောင့် ဦးဘုန်းမြင့်မိုရ် အကောင့်ပိုင်ရှင်ကို ရေတာရှည်မြို့မရဲစခန်းက (ပ) ၁၃၆ /၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအက်ဥပဒေပုဒ်မ ၂၇ ဖြင့် အမှုဖွင့်လှစ်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-02