News

POST TYPE

POPULAR POST

တာချီလိတ်တွင် တရုတ်နိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံး
03-Apr-2020


ကျိုင်းတုံ၊ဧပြီ ၃

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာ ကုမ္ပဏီခြံဝန်းတစ်ခုရှိ နေအိမ်ထဲတွင် ဧပြီလ ၂ ရက် နံနက် ၄ နာရီခန့်က တရုတ်နိုင်ငံသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

"ရေချိုးခန်းနဲ့တွဲထားတဲ့ အခန်းထဲက ထုတ်တန်းမှာ လျှပ်စစ်ဝါယာကြိုးနဲ့ ကြိုးဆွဲချသေဆုံးခဲ့တာလို့ သိရတယ်"ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

တရုတ်နိုင်ငံသား Mr.Li Chun(၄၄ နှစ်) ကြိုးဆွဲချသေဆုံးမှုကို  သေမှုသေခင်းအမှတ်စဥ်(၄/၂၀၂၀)ရေးဖွင့်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ်သိရှိရန် စစ်ဆေးနေကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။ 

R-12