News

POST TYPE

POPULAR POST

သံဃာတော်များနှင့် သီလရှင်များ ဆွမ်းအခက်အခဲ မရှိစေရန် ဇေကမ္ဘာ မိသားစု က နေ့စဉ် လှုဒါန်းသွားမည်ဟုဆို
02-Apr-2020
 

ရန်ကုန် ၊ ဧပြီ ၂

ကမ်ဘာ အနှံ့တွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ( Covid- 19 ) ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရဟန်း ၊ သံဃာ ၊ သာမေဏ ၊ သီလရှင်များ၏ ဆွမ်း ၊ ကွမ်း အခက်အခဲများမရှိစေရန် ဇေကမ်ဘာမိသားစု က နေ့စဉ်လှုဒါန်းမှုများ ပြုလုပ်သွားမည်ဟု နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း ( ဗဟို ) ဥက္ကဌ ဦးခင်ရွှေက ပြောသည်။

"အခုဖြစ်နေတဲ့ ဗိုင်းရပ်စ်မကူးအောင်လို့ တားမြစ်ကန့်သတ်မှုတွေ ရှိလာပါတယ် ၊ ဒါကြောင့်လည်း တစ်နိုင်ငံလုံးမှာ ရှိတယ့် ဆရာတော်တွေ ၊ သာမေဏ ၊ သီလရှင်တွေ ဆွမ်းကွမ်းအခက်အခဲ ပြေလည်စေဖို့ အတွက် ကပ်ရောဂါဘေးကင်းဝေးချိန် အထိ လှုဒါန်းသွားမှာဖြစ်ပါတယ် "ဟု သာသနာ့နုဂ္ဂဟ အသင်း ဗဟို ဥက္ကဌ ဦးခင်ရွှေ က ပြောသည်။



တိုင်းနှင့် ပြည်နယ် အသီးသီးရှိ သာသနာရေးမှုးများထံမှ ဘုန်းတော်ကြီးကျောင်းများနှင့် သံဃာသီလရှင်များ၏ စာရင်းကို ရယူကာ နိုင်ငံအနှံ့အပြားတွင် ဖွဲ့စည်းထားသည့် သာသနာ့နုဂ္ဂဟ အသင်းများနှင့် ပူးတွဲပြီး ကိုရိုနာဗိုင်းရပ်စ် ကင်းဝေးချိန်အထိ သာသနာ့နုဂ္ဂဟ အသင်း ဗဟို ဥက္ကဌ က နေ့စဉ် ရဟန်း ၊ သံဃာတော် ၊ သီလရှင်များကို နေ့စဉ်တစ်ပါးလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှုဒါန်းသွားမည်ဖြစ်သည်။