News

POST TYPE

POPULAR POST

KGG အထည်ချုပ်စက်ရုံ အလုပ်သမားများနစ်နာကြေးပေးပြီး အပြီးပိတ်သိမ်း
01-Apr-2020


ရန်ကုန် ၊ ဧပြီ ၁

ဒဂုံဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုန်(၂)ရှိ KGG အထည်ချုပ်စက်ရုံတွင် အလုပ်ရှင်မှ အလုပ်သမားများအား လျှော်ကြေးပေးပြီး ဧပြီ ၁ ရက်နေ့မှ စတင်ကာ စက်ရုံကိုအပြီးပိတ်သိမ်းလိုက်ကြောင်း အလုပ်သမားများထံမှသိရသည်။

“အလုပ်ရှင်က အပြီးပိတ်မယ်ဆိုပြီးပြောတယ်။အဲ့ဒါပိုအဆင်ပြေတယ် နောက်မို့ဆို အလုပ်ရှင်ကို ကင်းစောင့်ပေးနေသလိုပဲ” ဟု မသင်းသင်းဆွေကပြောသည်။

KGG အထည်ချုပ်စက်ရုံပိုင်ရှင်သည် မတ်လ ၂၉ ရက် ညပိုင်းက အလုပ်ရှင်ထွက်ပြေးရန်ကြံစည်ခဲ့သဖြင့်  အလုပ်သမားများက ဝိုင်းဝန်းပိတ်ဆို့မှုဖြစ်ပွားခဲ့ပြီး  မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကလည်း နိုင်ငံကူးလက်မှတ် သိမ်းဆည်းခဲ့သည့်အပြင် အလုပ်သမားများက ယင်းစက်ရုံရှေ့ တွင် သပိတ်စခန်းဖွင့် စောင့်ကြည့်ခဲ့သည်။

ယင်းပြသာနာကို မြို့နယ်ဖျန်ဖြေရုံးတွင် မတ်လ ၃၁ ရက်နေ့က အလုပ်ရှင်နှင့်အလုပ်သမားများကို ခေါ်ယူညိုနှိုင်းခဲ့ရာ အလုပ်ရှင်မှ နို့တစ်ကြေး လုပ်ခလစာပေးပြီး စက်ရုံကိုအပြီးပိတ်သိမ်းမည် ပြောသည်ကို  အလုပ်သမားများက လက်ခံခဲ့သဖြင့် ညိုနှိုင်းမှု ပြေလည်ခဲ့သည်။

KGG အထည်ချုပ်စက်ရုံကို ၂၀၁၈ ခုနှစ်တွင် တရုတ်နိူင်ငံသားတစ်ဦးက ဌားရမ်းဖွင့်လှစ်ခဲ့ပြီး အလုပ်သမားထောင်ကျော်ရှိကာ ဆန္ဒပြမှု သုံးကြိမ်ဖြစ်ပွားထားသည်။

Covid-19 ရောဂါ ပြသာနာနှင့်ဆက်စပ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီလ ၁ ရက်နေ့ထိ စုစုပေါင်းပိတ်သိမ်းခဲ့သည့်စက်ရုံများမှာ ၄၂ ခုရှိသွားပြီဖြစ်ကာ အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားဦးရေ ၂၇၀ဝ၀ ဝန်ကျင်ရှိပြီဖြစ်သည်။

J-01