News

POST TYPE

POPULAR POST

BYMA မီးရထားဝင်းအဆောက်အအုံလုပ်ငန်းခွင်မှ အလုပ်သမားနှစ်ရာကျော် ဆန္ဒပြ
01-Apr-2020
BYMA လုပ်ငန်းခွင်ရှိ အလုပ်သမား ၂၀၀ကျော် ဆန္ဒပြသည်ကို မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက တွေ့မြင် ရစဉ်

ရန်ကုန်၊ မတ် ၃၁

ပန်းဘဲတန်းမြို့နယ်၊ အလံပြဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ BYMA ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားနှစ်ရာကျော်သည် မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ဧပြီလ အလုပ်ရပ်နားပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"ကျွန်တော်တို့က အသက်လုပြီးအလုပ်လုပ်ရတာ၊ ဧပြီတစ်လကိုပိတ်စေချင်တယ်။ သူတို့က သင်္ကြန်ပိတ်ရက်ပဲပိတ်တာ ဒါကြောင့်ဆန္ဒပြတာ" ဟု ဦးဆောင်သူ ကိုမင်းလွင်က ပြောသည်။

BYMA ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက အစည်းအဝေးပြုလုပ်ရာတွင် အလုပ်သမားများက လစာအပြည့်ပေး၍ လုပ်ငန်းခွင်ပိတ်ပေးရန် တောင်းဆိုသော်လည်း ကုမ္ပဏီဘက်က သင်္ကြန်နှစ်သစ်ကူး ၁၀ ရက်သာ ရုံးပိတ်ပေးသည်ကို မကျေနပ်သဖြင့် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ယင်းအတွက် ဆောက်လုပ်ရေးကုမ္ပဏီတာဝန်ခံများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ အလုပ်သမားကိုယ်စားလှယ်များ ညှိုနှိုင်းခဲ့ရာ နေ့လယ်ပိုင်းတွင် ပြေလည်မှုရရှိခဲ့သည်။

ကုမ္ပဏီဘက်က သင်္ကြန်ပိတ်ရက်အလွန်ကာလ အလုပ်ဆင်းသည့် အလုပ်သမားများကို လုပ်ခနှစ်ဆပေးမည်ဖြစ်ကာ အလုပ်မဆင်းသည့်အလုပ်သမားကိုမူ လုပ်ခတစ်ဝက်ပေးသွားမည်ဟု ပြောဆိုခဲ့သည့်အတွက် အလုပ်သမားများက  သဘောတူလက်ခံခဲ့ကြောင်း ယင်းပြဿနာကို သွားရောက်ဖြေရှင်းပေးခဲ့သည့် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်(၁)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကပြောကြားသည်။

J-01