POST TYPE

POPULAR POST

ကြားဖြတ်တွင် ဒေါက်တာအေးမောင် အမ်းမဲဆန္ဒနယ်မှ အရွေးခံမည်
စစ်တွေ၊ နိုဝင်ဘာ ၂၈

၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသည့် အမ်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာတွင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဗဟိုကော်မတီနှင့် ဒေသခံများက ရွေးချယ်ခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။

“အမ်းမြို့နယ်မှာ ယှဉ်ပြိုင်ဖို့အတွက် ကိုယ်စားလှယ်လောင်း သုံးဦးကို ကော်မတီဖွဲ့ပြီး ဒေသခံတွေ သဘောထား ကောက်ယူတဲ့အခါ ပြည်သူ ၃၅၀ မှာ ၃၂၀ လောက်က ဥက္ကဋ္ဌကိုဘဲ ရွေးချယ်ခဲ့ကြတယ်” ဟု ၎င်းက ထပ်မံပြောဆိုသည်။

အမ်းမဲဆန္ဒနယ်သည် တပ်ရင်း၊ တပ်ဖွဲ့များနှင့် တပ်မိသားစုများ အများဆုံးရှိသည့် မြို့နယ်ဖြစ်သည့်အတွက် ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် အနေဖြင့် အကြိတ်အနှယ် ယှဉ်ပြိုင်ရနိုင်ကြောင်း ရခိုင်ပြည်သူတချို့က သုံးသပ်သည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီတွင်း အတိုက်အခံများကြောင့် မာန်အောင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီး NLD ကိုယ်စားလှယ်ကို မဲအနည်းငယ် ကွာဟရှုံးနိမ့်ခဲ့ရကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်