News

POST TYPE

POPULAR POST

ရန်ကုန် - ပြည်လမ်းတွင် သစ်မှောင်ခိုကားနှင့် ခရီးသည်တင်ကား မျက်နှာချင်းဆိုင်တိုက်
18-Feb-2020

ဥက္ကံ၊ ဖေဖော်ဝါရီ ၁၈

တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ရန်ကုန် - ပြည်လမ်း မိုင်တိုင်အမှတ် ၆၈ တွင် ယနေ့ (ဖေဖော်ဝါရီ ၁၈) ရက် နံနက် ၇ နာရီအချိန်က ပြည်ဘက်မှ တရားမဝင်ကျွန်းသစ်များ တင်ဆောင်လာလာသောယာဉ်နှင့် ရန်ကုန်ဘက်မှ မောင်းနှင်လာသော ASIA ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာမှ သစ်မှောင်ခိုကား တိမ်းမှောက်ခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဇော်မျိုးက ပြောသည်။

“အခုမှောက်တဲ့ကားက ပြည်ဘက်ကမောင်းလာတာ၊ ကျွန်တော်တို့ကားက ရန်ကုန်ကနေလာတာ၊ ဒီနားရောက်ခါနီးမှာနောက်ကပါလာတဲ့ ခရီးသယ်တင်ကားက ကျွန်တော်တို့ကားကို ကျော်တက်ပြီးမောင်းအထွက်အခုမှောက်တဲ့ ကားကမလွတ်လို့ ကားလမ်းအောက်အထိ ရှောင်ပေးပြီး ပြန်အတက်မှာ မှောက်တာ၊ ကျွန်တော်တို့ကားရှေ့မှာ ဒိုင်နာကားတစ်စီးရှိတယ်၊ သစ်ကားကမှောက်ပြီးကျွန်တော်တို့ကားကို လာရိုက်မိတာဟု ASIA ခရီးသယ်တင်ယာဉ်မှ နောက်လိုက်ကို တစ်ဦးကပြောသည်။



တိမ်းမှောက်ခဲ့သော Nissan အဖြူရောင်ခြောက်ဘီးကားပေါ်တွင် ဆိုက်စုံးကျွန်ခွဲသား ၆ တန်ခန့်ရှိပြီး ယာဉ်ပေါ်ပါယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးမှာ ထွက်ပြေးသွားသဖြင့် ပိုင်ရှင်ပေါ်ပေါက်ရေးတို့အတွက် အမှုဖွင့်လှစ်၍ စုံစမ်းအရေးယူသွားမည်ဖြစ်သည်။

R-06