News

POST TYPE

POPULAR POST

လက်ပံပျား ရွာအနီးတွင် ယာဉ်တိုက်မှုကြောင့် ညွန်ကြားရေးမှုး နှစ်ဦးသေဆုံး
16-Feb-2020

ဓာတ်ပုံ - နေဖုန်းမြင့်

ကျောက်ပန်းတောင်း၊ ဖေဖော်ဝါရီ (၁၆)

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် မိတ္ထီလာ -ကျောက်ပန်းတောင်းလမ်း မိုင်တိုင်အမှတ် (၃၆/၂) လက်ပံပျားကျေးရွာအနီးတွင် ယနေ့ ဖေဖော်ဝါရီ (၁၆)ရက် ညနေ(၄)နာရီအချိန်ခန့်က ခရီးသည်တင်မှန်လုံယာဉ်နှင့် မက်ခ်တူးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ညွန်ကြားရေးမှုး နှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မိတ္ထီလာဘက်မှ ကျောက်ပန်းတောင်းဘက်သို့ ယာဉ်မောင်းနိုင်ကြီး မောင်းနှင်လာသော  "OK" EXPRESS ခရီးသည်တင်ယာဉ်နှင့် ကျောက်ပန်းတောင်းဘက်မှ မိတ္ထီလာဘက်သို့ ယာဉ်မောင်း ကျော်စွာဝင်း မောင်းနှင်လာသော အနက်ရောင် မက်တူးယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာတွင်  အနက်ရောင်ယာဉ်ပေါ်ပါသူ ဦးသိန်းကျော် (၅၆)နှစ် မြေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး အောက်မြန်မာပြည်(ရန်ကုန်)နှင့် ဦးကျော်ငြိမ်းအောင် (၅၄)နှစ်  ညွှန်ကြားရေးမှူး မြေတိုင်းနှင့် စီမံကိန်းသုသေသနဌာနခွဲ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) နေပြည်တော် တို့(၂)ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ကျော်စွာဝင်းမှာ ဝဲဘက် ဒူး/ခြေထောက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာအသီးသီးရရှိသဖြင့် မိတ္ထီလာ 
ပြည်သူ့ဆေးရုံသို့ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူရန် မှုခင်းဆေးစာဖြင့် စေလွှတ်ထားကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သတ်၍ ယာဉ်မောင်း နိုင်ကြီး
နှင့် ကျော်စွာဝင်းတို့ကို  လက်ပံပျားနယ်မြေရဲစခန်း ကယာဉ်(ပ) ၂/၂၀၂၀ ရာဇသတ်ကြီး 
ပုဒ်မ-၃၀၄(က)/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

R-01