News

POST TYPE

POPULAR POST

CB ဘဏ်တွင် သေနတ်ဖြင့် ခြိမ်းခြောက်၍ သိန်း(၆၀၀)ခန့် လုယူထွက်ပြေးသွားသူကို ဖမ်းဆီးရမိ
11-Feb-2020

ဓာတ်ပုံ - ရဲတပ်ဖွဲ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

ဒဂုံမြို့သစ်(မြောက်ပိုင်း) ပင်လုံလမ်း လမ်းမပေါ်ရှိ စီဘီဘဏ်တွင် ဖေဖော်ဝါရီ ( ၇ ) ရက် နေ့က ဘဏ်ဝန်ထမ်းများအား သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၆၀၀ လုယူထွက်ပြေးသွားသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။

ရဲတပ်ဖွဲ့မှ စုံစမ်းဖော်ထုတ်ချက်အရ ပြစ်မှုကျုးလွန်သူမှာ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အင်ကြင်းမြိုင်လမ်း၊ အမှတ်(၃၃)ရပ်ကွက်နေ ထိုင်သော အသက် ၄၇ နှစ်အရွယ် တရားခံ စိုးကျော်ကျော် ဆိုသူ ဖြစ်ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် YGN 5K/xxxx Probox ယာဉ်၊ လုယက်သွားသော မြန်မာငွေကျပ် သိန်း(၃၇၀)ကျော်၊ လုယူငွေများဖြင့် လဲလှယ်ထားသော အမေရိကန်ဒေါ်လာ(၇၀၀၀) တို့နှင့်အတူ ဖမ်းဆီးရမိကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်.။

တရားခံ စိုးကျော်ကျော်မှာ အရေးကြီးငွေလိုအပ်နေသည့်အတွက် ပြစ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူအနေဖြင့် သေနတ်အတု၊ ဗုံးအတုတို့ဖြင့် ပြစ်မှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း၊ အများပြည်သူများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်ဖွယ်ရာမရှိကြောင်း သတင်း ရရှိသည်။

အဆိုပါ အမှု ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၃၂၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိသည်။