News

POST TYPE

POPULAR POST

ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိဟု အဖြေထွက်ခဲ့ဖူးသော သံသယလူနာတွင် ယခုမှ ဗိုင်းရပ်စ်ရှိနေမှု ဂျပန်တွင်ဖြစ်ပွား
11-Feb-2020


တိုကျို၊ ဖေဖော်ဝါရီ ၁၁

ဂျပန်နိုင်ငံသားနှစ်ဦးကို ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွါးရာ ဝူဟန်မှ ပြန်ခေါ်လာခဲ့ပြီးနောက် စစ်ဆေးကြည့်ရာ ဗိုင်းရပ်စ် မတွေ့ခဲ့ရဘဲ၊ ယခုအခါ အဆိုပါ ရောဂါဖြစ်ပွါးနေပြီဟု ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

တစ်ဦးသည် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ကာ ဇန်နဝါရီ ၂၉ တွင် ဂျပန်သို့ ပြန်ရောက်လာစဉ်က ဗိုင်းရပ်စ်မရှိကြောင်း နှစ်ကြိမ်တိုင် ပေါ်ပေါက်ခဲ့သည်။

သို့သော် ၁၂ ရက်မြောက်နေ့တွင် တတိယအကြိမ် စစ်ဆေးလိုက်သည့်အခါ ဟိုတယ်ခန်းအတွင်း သီးသန့်ထားခဲ့သော်လည်း ရောဂါပိုး တွေ့နေရသည်ဟု မြင်ရသည်။

ကိုရိုနာဗိုင်းရပ်စ် ပေါက်ဖွါးသည့် အချိန်အရ ၁၄ ရက်အထိ ရှိနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO က သတိပေးထားသည်။
တရုတ်ဝူဟန်မှ နောက်ထပ်ရောက်လာသော အသက် ၄၀ကျော် ဂျပန်အမျိုးသားတစ်ဦးကလည်း ယခင်က ပိုးမတွေ့ရသော်လည်း ယခုထပ်စစ်သောအခါ ပိုးတွေ့နေရပေသည်။

ဂျပန်သို့ ပြီးခဲ့သည့် ရက်ပိုင်းက ကမ်းကပ်ခဲ့သော Diamond Princess သင်္ဘောကြီးတွင်လည်း ပိုးတွေ့ရှိသူ ၁၃၅ ဦးရှိသည်။

အာဏာပိုင်များသည် သင်္ဘောပေါ်မှ ပိုးတွေ့ရှိရသူ ၆၅ ဦးကို အင်္ဂါနေ့က ခေါ်ဆောင်သွားခဲ့သေးသည်။

သင်္ဘောပေါ်တွင် လူ ၃၇၁၁ ဦး ပါဝင်လာပြီး ဂျပန်သို့ ဖေဖော်ဝါရီ ၃ ရက်တွင် ပြန်ရောက်လာခြင်း ဖြစ်သည်။ ထို့နောက် သီးသန့်ထားကာ ရောဂါများ စစ်ဆေးခဲ့သည်။

ဗိုင်းရပ်စ်တွေ့သူများနှင့် ဝေဒနာသည်များကိုသာ သင်္ဘောပေါ်က ခေါ်ချသွားကာ သီးသန့်ထားကာ မည်သူမှ မဆင်းစေဘဲ စောင့်ကြည့်စစ်ဆေးနေလျက် ရှိသည်။ ဖေဖော်ဝါရီ ၁၉ အထိ ဆက်ကြည့်နေဖွယ်ရှိသည်။

ဂျပန်သည် ဝူဟန်မှ ပြန်လည်ခေါ်ဆောင်လာသူများကို အနီးကပ်စောင့်ကြည့်စစ်ဆေးလျက် ရှိသည်။

F-02