News

POST TYPE

POPULAR POST

လှည်းကူးတွင် သုံးလောင်းပြိုင်လူသတ်မှုဖြစ်
01-Feb-2020

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ရန်ကုန်မြောက်ပိုင်းခရိုင် ၊ လှည်းကူးမြို့နယ်တွင် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက အမျိုးသားသုံးဦး ဓားဒဏ်ရာများဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

တရားလိုဦးမြင့်စိုးသည် လယ်ကွင်းပြင်တွင် သားဖြစ်သူအမွှာညီအစ်ကို လင်းကို (၂၇)နှစ်ဦးခေါင်းပြတ်ရှဒဏ်ရာ နှစ်ချက် ၁လက်မ ခန့်ရှိ ကျောပြင်ပြတ်ရှဒဏ်ရာ ၁ ချက် တို့ဖြင့်သေဆုံးနေကြောင်း ၊ လင်းချို(၂၇)နှစ် ဦးခေါင်ပြတ်ရှဒဏ်ရာ ၁ချက် ဇတ်ပိုး ပြတ်ရှ ဒဏ်ရာ ၃ချက် ၅လက်မခန့်ရှိ ယာကျောပြင် ပြတ်ရှဒဏ်ရာ ၁ ချက်တို့ ဖြင့်သေဆုံးနေသည့်အပြင် သားမက်ဖြစ်သူ ပြည့်သီဟ (၃၀)နှစ် နဖူးပြတ်ရှ ဒဏ်ရာ တစ်ချက် ၆ လက်မခန့် ရှိလည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့်သေဆုံးနေကြောင်း ရဲမှတ်တမ်းအရသိရသည်။

အသတ်ခံရသူ သုံးဦးမှာ ဇန်နဝါရီ ၃၁ ရက် ညပိုင်းက အမျိုးသားတစ်ဦး နှင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်းတို့သုံးဦးက ယင်းအမျိုးသားကို တုတ်ဖြင့်လိုက်ရိုက်သောကြောင့် အဆိုပါအမျိုးသားမှ ဓားပြန်ယူ၍ ၎င်းတို့အားခုတ်သတ်ခဲ့ကြောင်း ကနဦးစစ်ဆေးချက်အရ ရဲအရာရှိထံမှ သိရှိရသည်။

“ပြစ်မှုကျူးလွန်သူက ဓားပြန်ယူပြီး သူ့ကိုတုတ်နဲ့ လိုက်ရိုက်တဲ့သုံးယောက်ကို လိုက်ရှာခဲ့တယ်လို့ ပတ်ဝန်းကျင်ထံက စုံစမ်းသိရှိရတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သံသယတရားခံအမျိုးသားကို ဖမ်းဆီးစစ်ဆေးနိုင်ဖို့ လတ်တလော စုံစမ်းဆောင်ရွက်နေဆဲပါ” ဟု ရဲအရာရှိမှ ရှင်းပြသည်။

သုံးလောင်းပြိုင်လူသတ်မူနှင့်ပတ်သက်၍  ဦးမြင့်စိုးမှတရားလိုပြု၍ လှည်းကူးမြို့မရဲစခန်းမှ (ပ)၂၄၈ ၊ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ၃၀ ၊ ၁၁၄ တို့ဖြင့် အမူဖွင့်၍ တရားခံအားလိုက်လံစုံစမ်းစစ်ဆေးနေကြောင်း လှည်းကူးမြို့မ ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

R-06 ၊ S-03