News

POST TYPE

POPULAR POST

တာမွေမြို့နယ်၊ အာသောကလမ်းရှိ PHONENIX ဆိုင်ကို ချိတ်ပိတ်
09-Jan-2020


ရန်ကုန်၊ ဇန်နဝါရီ ၉

တာမွေမြို့နယ်၊ အသောလမ်းရှိ PHONEIX စားသောက်ဆိုင်အား ဇန်နဝါရီလ ၉ ရက် မွန်းလွဲပိုင်းက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က ချိတ်ပိတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ချိတ်ပိတ်တာတော့မှန်ပါတယ်။ ဘာနဲ့ပတ်သက်ပြီး ချိတ်ပိတ်တယ်ဆိုတာ မသိရသေးဘူး၊ မူးယစ်ဆေးဝါးမှုချိတ်ပိတ်တာလား၊ တခြားအမှုနဲ့ချိတ်ပိတ်တာလားဆိုတာ မသိရသေးဘူး၊”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုင်ပါစားသောက်ဆိုင်အား ယနေ့ နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ငွေကြေးခဝါမှုတိုက်ဖျက်ရေးအဖွဲ့မှ တာဝန်ရှိသူများ လာရောက်စစ်ဆေးပြီး မည်သူမျှ မကျူးကျော်ရ၊ ငွေကြေးခဝါမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ စိစစ်ရေးအဖွဲ့မှ ယာယီသိမ်းဆည်းထားသည်၊ ဝင်ရောက်ကျူးကျော်ပြောင်းလဲလွှဲပြောင်းဖျောက်ဖျက်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်”ဟူသော စာသားများပါ ဗီနိုင်းအား ချိတ်ဆွဲခဲ့ပြီး ချိတ်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။



ယင်းချိတ်ပိတ်ခံထားရသည့် စားသောက်ဆိုင်သည် ရခိုင်အစားအစာ၊ ပင်လယ်စာနှင့် အကင်မျိုးစုံအပြင် ဘီယာ၊ အရက်များကို ရောင်းချသည့်ဆိုင်ဖြစ်သည်။

ဇော်မိုးလွင်