News

POST TYPE

POPULAR POST

ဘူးသီးတောင်မြို့နယ် NLD ပါတီ ဥက္ကဌ ပျောက်ဆုံး
12-Dec-2019
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မြို့နယ် ဥက္ကဌဖြစ်သူ ဦးရဲသိန်း နိုင်ငံတော်အတိုင်ပင်ခံထောက်ခံပွဲအတွက် စည်းရုံးရေးဆင်းနေစဉ် ပျောက်ဆုံးသွားကြောင်း NLD ပါတီ ဗဟို ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။ 

ဘူးသီးတောင်မြို့နယ်အတွင်းရှိ ပြင်ရည်ရွာသို့ ဒီဇင်ဘာလ ၁၁ ရက်နေ့က သွားရောက်စဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး နောက်ဆုံးအခြေအနေကို စုံစမ်းမေးမြန်းနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လက်ရှိတော့ သူ နောက်ဆုံး ဘယ်သူနဲ့တွေ့လဲ၊ အမှန်တကယ် ဘာဖြစ်ခဲ့သလဲဆိုတာကို စုံစမ်းမေးမြန်းနေပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ဦးရဲသိန်း ပျောက်ဆုံးနေသည့်အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ထောက်ခံပွဲကိုလည်း ဖျက်သိမ်းလိုက်ရကြောင်းလည်း NLD ပါတီထံမှ သိရသည်။

အဆိုပါပျောက်ဆုံးမှုအတွက် ရဲတပ်ဖွဲ့ထံလည်း အကြောင်းကြားထားကြောင်းနှင့် ပျောက်ဆုံးရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ၎င်း၏ မိသားစုဝင်များထံမှ သိရသည်။

J-08