News

POST TYPE

POPULAR POST

လက်နက်ကြီးထိမှန်ခံရပြီးနောက် ပလက်ဝ-တောင်ပြို ရေယာဉ်ပြေးဆွဲမှု ရပ်ဆိုင်း
12-Dec-2019


ကလေး ၊ ဒီဇင်ဘာ ၁၂

ချင်းပြည်နယ် ပလက်ဝ မြိုမှ တောင်ပြိုကျေးရွာသို့ ကုလာတန်မြစ်ကြောင်း အတိုင်း ပြေဆွဲနေ့သည့် ခရီးသည်တင်ရေယာဉ်တစ်စီး လက်နက်ကြီးထိမှန်ခံရပြီးနောက် ရေယာဉ်များ ပြေးဆွဲမှုများ ရပ်နားထားကြောင်း ပလက်ဝ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးထွန်းလင်း က ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ပလက်ဝ မြိုမှ တောင်ပြိုကျေးရွာသို့ ပြေးဆွဲနေသည့် ခရီးသည်တင် ရေယာဉ်တစ်စီး ကုလာတန်မြစ်ကြောင်း အတိုင်း ပြေဆွဲနေသည့် လက်နက်ကြီး ထိမှန်ခံခဲ့ရာ ရေယာဉ်ပေါ်ပါ ခရီးသည် ၂ ဦး သေဆုံးပြီး ခရီးသည် ၈ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

"ခဏရပ်နားထားတာပါ။အခြေအနေ ပြန်ကောင်းရင်တော့ ပြန်ပြေးဆွဲသွားမှာပါ"ဟု စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးထွန်းလင်း က ပြောသည်။

တောင်ပြိုကျေးရွာသည် ပလက်ဝ မြို့၏ မြောက်ဖက် မိုင် ၂၀ ကျော် အကွာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်မှုအနေဖြင့် ကုလာတန်မြစ် အတွင်း စက်လှေများဖြင့် သွားလာသည့် လမ်းကြောင်းတစ်ခုသာရှိသည်။ပလက်၀-တောင်ပြို သို့ နံနက်ထွက်ပြီး ညနေ ပြန်ရောက်အဖြစ် နေ့ချင်းပြန်ပြေးဆွဲနေခြင်းဖြစ်သည်။

အဆိုပါ ရေယာဉ်လိုင်း ရပ်နားခဲ့ခြင်းကြောင့် တောင်ပြိုဒေသရှိ လူဦးရေ ၃သောင်းကျော် မှာ လူမှုရေး ကျန်းမာရေး စသည့် ကိစ္စများ သွားလာဆောင်ရွက်ရန် အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

R-20