News

POST TYPE

POPULAR POST

ဒဂုံမြောက်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ဖမ်းမိ
01-Dec-2019


ရန်ကုန်၊ ဒီဇင်ဘာ ၁

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၃၃ ရပ်ကွက်တွင် နိုဝင်ဘာ ၃၀ ရက်နေ့က အမျိုးသမီးတစ်ဦးမှ အကြွေးပြန်ဆပ်သည့် ငွေများကို စစ်ဆေးရာမှ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အကြွေးငွေပြန်ဆပ်သူ မဝါဝါခိုင် (၄၉) နှစ်ထံမှ တစ်သောင်းကျပ်တန် ငွေစက္ကူ ၁၂ ရွက်ကို အကြွေးရှင်ဖြစ်သူ ကိုကျော်ထူးက စစ်ဆေးရာမှ ငွေစက္ကူအတုများ ဖြစ်နေကြောင်း သိရှိရသဖြင့် ရဲစခန်းထံ အသိပေး အကြောင်းကြားခဲ့ရာမှ ရဲတပ်ဖွဲ့က မဝါဝါခိုင်ကို ဆက်လက်စစ်ဆေးရာ အဆိုပါ ငွေစက္ကူအတုများကို တစ်ရပ်ကွက်တည်းနေထိုင်သူ မလှလှအေးထံမှ ရရှိခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ယင်းနောက် မလှလှအေး(၄၁)နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးရာ တစ်သောင်းကျပ်တန်ငွေစက္ကူ အတု ၃၈ ရွက်ကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိသဖြင့် မလှလှအေးနှင့် မဝါဝါခိုင်တို့နှစ်ဦးကို မြောက်ဒဂုံမြို့မ ရဲစခန်းမှ (ပ)၂၈၇၉/၂၀၁၉၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅ (သုံးစွဲရန် လက်ဝယ်ထားရှိမှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03