News

POST TYPE

POPULAR POST

တစ်ရက်ကို ခြေလှမ်းတစ်သောင်း လမ်းလျှောက်တဲ့အခါသင့်ကိုယ်ခန္ဓာမှာ ဘာတွေပြောလာသလဲ
01-Dec-2019


လမ်းများများ လျှောက်ပေးခြင်းဟာ ခေတ်စားလာတဲ့ ကျန်းမာရေးအလေ့အထတစ်ရပ် ဖြစ်ပါတယ်။ သုတေသနတွေအရ ခြေလှမ်းများများလျှောက်လေ ပိုကောင်းလေပါပဲတဲ့။ တစ်ရက်ကို ခြေလှမ်းတစ်သောင်း ပြည့်အောင် လျှောက်မယ်ဟေ့ဆိုပြီး ရည်ရွယ်လှုပ်ရှားခြင်းဟာ မိမိကိုယ်ကို ပိုပြီးလှုပ်ရှားဖြစ်စေပြီး၊ မလှုပ်မရှား ထိုင်နေချိန်ကိုလည်း လျော့ပါးစေပါတယ်။ ကိုယ်ခန္ဓာမှာ ကောင်းတဲ့ သက်ရောက်မှု တွေ အများကြီး ရှိလာစေပါတယ်။ အောက်ပါတို့ကတော့ မြင်သာတဲ့အချက်တွေပါ။ ဒီလို ကောင်းကျိုး တွေရှိတာမို့ လမ်းများများလျှောက်ကြပါ မိဘပြည်သူများခင်ဗျာ။ 

နှလုံးကျန်းမာရေး ကောင်းစေတယ်

တစ်ရက်ကို ခြေလှမ်းတစ်သောင်းပြည့်အောင် လျှောက်ခြင်းဟာ သင့်နှလုံးရဲ့ ကျန်းမာရေးကို ကောင်း မွန်လာစေပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားရှိခြင်းဟာ အောက်ဆီဂျင်ရထားတဲ့ သွေးတွေကို ြွကက်သား တွေဆီပို့ပါတယ်။ ကြိုးစားပမ်းစား ကိုယ်လက်လှုပ်ရှားလေလေ ပိုပြီးကျစ်ကျစ်လျစ်လျစ် ရှိလေပါပဲ။ အဆီပိုတွေ စုနေခြင်းဟာ နှလုံးအတွက် မကောင်းဘူးနော်။

အဆုတ်ကို သန်မာစေတယ်

နေ့စဉ် လှုပ်ရှားပေးခြင်းဟာ သင့်အဆုတ်ကို အားကောင်းလာစေပြီး ပတ်ပတ်လည် ြွကက်သားတွေကို အထောက်အပံ့ဖြစ်စေပါတယ်။ သင်ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်ပမာဏများလာတာကြောင့် ခန္ဓာကိုယ်ကလည်း ပိုပြီးအောက်ဆီဂျင်ရပါတယ်။ ကိုယ်လက်လှုပ်ရှားရှိခြင်းက အဆုတ်ကို ကျန်းမာစေပြီး သက်လုံကောင်းလာစေပါတယ်။ 

အာရုံစိုက်မှုကို ပိုအားကောင်းစေတယ်

ကိုယ်လက်လှုပ်ရှား ရှိခြင်းဟာ နေလို့ကောင်းတယ်၊ ပေါ့ပါးတယ်လို့ ခံစားရတဲ့ ဟော်မုန်းတွေ ထုတ် ပေးပါတယ်။ ဦးနှောက်ကို သွေးစီးဆင်းမှုလည်း ကောင်းပါတယ်။ ဒါကြောင့် မှတ်သားခြင်း၊ ဆင်ခြင်ခြင်းဆိုင်ရာလုပ်ငန်းတွေမှာ ကောင်းတဲ့ရလဒ်တွေသွား ဖြစ်စေပါတယ်။ ဖိအားတွေ လျော့ကျသလို ဖန်တီးမှုလည်း တက်တယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။ အားကစားလုပ်သူတွေဟာ အားကစား မလုပ် သူတွေထက် အာရုံစူးစိုက်မှု ပိုကောင်းပါသတဲ့။ စိတ်ကို ရွှင်လန်းစေပြီး လန်းဆန်းတက်ကြွစေပါတယ်။ စိတ်ကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ပါသတဲ့။ 

အရိုးတွေဟာ ပိုပြီးခံနိုင်ရည် ရှိလာတယ်၊ အကြောတွေကို ပျော့ပျောင်းစေတယ်

ကိုယ်လက်လှုပ်ရှားခြင်းကြောင့် အရိုးတွေမှာ အားပိုရှိလာပါတယ်။ အရိုးတွေရဲ့ ကျစ်လျစ်မှု ပိုမြင့်လာပြီး အသက်အရွယ် ရလာတဲ့အခါ အရိုးပွမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ လမ်းလျှောက်ခြင်းနဲ့ ပြေးလွှားခြင်းက စတင်လို့ အကောင်းဆုံး လေ့ကျင့်ခန်း တွေပေါ့။ အကျောတွေလည်း ပျော့ပျော့ပျောင်းပျောင်းဖြစ်စေပါသတဲ့။ အလေ့အကျင့်ရနေအောင် လမ်းများများ လျှောက်ထားသူတွေဟာ မလုပ်သူ တွေထက် နာကျင်မှု ခံစားရနှုန်း သက်သာပါတယ်။

သွေးတွင်းက သကြားဓာတ်ကို တည်ငြိမ်စေတယ်

ရုပ်ပိုင်းဆိုင်ရာအရ လှုပ်ရှားမှုတွေ လုပ်ရတဲ့ အခါ ြွကက်သားတွေဟာ သွေးစီးကြောင်းထဲက ဂလူးကို့စ်တွေကို ပိုပြီးအသုံးပြုပါတယ်။ လှုပ်ရှားမှုတွေက ခန္ဓာကိုယ်ထဲက အင်ဆူလင်တွေကို ပိုပြီး ထိထိရောက်ရောက် အလုပ်လုပ်စေပါတယ်။ 

သွေးတိုးကျစေတယ်

လှုပ်လှုပ်ရှားရှားရှိခြင်းဟာ သွေးဖိအားမြင့်မားခြင်းကို တားဆီးကာကွယ်ပေးပါတယ်။ ခြေလှမ်းများများ လမ်းလျှောက်ခြင်းဟာ သွေးကြောတွေ မာခေါက်ခြင်းကို လျော့ကျစေပါတယ်။ သွေးကြောကျဉ်းခြင်းကို သက်သာစေပါတယ်။ သွေးစီးကြောင်း ကောင်းကောင်းရတာပေါ့။ သွေးတိုးရောဂါကို ကာကွယ်ပေးပါတယ်။ 

ကဲ သွားပါများ ခရီးရောက်တဲ့။ ဆရာဆေးရဲ့ စာဖတ်သူတွေလည်း လမ်းများများ လျှောက်ကြပါနော်။

ချစ်ခင်လျက်
ဆရာဆေး