News

POST TYPE

POPULAR POST

ပန်းချီဆရာတစ်ဦးအား ဓားဖြင့်ထိုးသတ်ခဲ့သူ နှစ်ဦးကို ဖမ်းမိ
06-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၆

 

သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပန်းချီဆရာ အမျိုးသားတစ်ဦးကို ဓားဖြင့် ထိုးသတ် ခဲ့သည့် အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

လူသတ်မှုကျူးလွန်သည်ဆိုသော  မြင့်အောင်(ခ) မဲတူး နှင့် အောင်ကိုကို တို့နှစ်ဦးမှာ ယင်းရပ်ကွက်တွင် အနှေးယာဉ်နင်းသူများဖြစ်ကြပြီး ပန်းချီဆရာ အမျိုးသားနေထိုင်သည့် နေအိမ်အတွင်း ဝင်ရောက်၍ ပစ္စည်းခိုးယူရန်ကြံစည်နေစဉ် ပန်းချီဆရာ အမျိုးသားမှ ၎င်းတို့ကို မြင်တွေခဲ့သောကြောင့် ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

 

ရင်ညွန့်တွင် ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသာ ပန်းချီဆရာ ဦးမျိုးထွန်း(၄၅)နှစ်၏ ရုပ်အလောင်းကို ခရီးထွက်ရာမှ နေအိမ်သို့ ပြန်လည်ရောက်ရှိလာသည့် ၎င်း၏ မိခင်ဖြစ်သူ က  (စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက)  စတင်မြင်တွေ့ခဲ့ပြီးနောက် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

 

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ မြင့်အောင်(၂၃) နှစ် နှင့် အောင်ကိုကို (၂၇) နှစ်တို့ နှစ်ဦးကို မသင်္ကာသောကြောင့် စက်တင်ဘာ ၃၀ ရက်နေ့က ချုပ်ရမန်ယူ၍ ဖမ်းဆီးစစ်ဆေးခဲ့ရာ အောက်တိုဘာ ၂ ရက်နေ့တွင် ယင်းအမျိုးသားနှစ်ဦးက လူသတ်မှုကို ၎င်းတို့ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်ပေးခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့နှစ်ဦးမှာ အခင်းဖြစ်နေအိမ်၏ နောက်ဖေးတံခါးမှာ ပွင့်နေသောကြောင့် နေအိမ်အတွင်း ဝင်ရောက်ပြီး ပစ္စည်းခိုးယူရန် ကြံစည်နေစဉ် ပန်းချီဆရာ ဦးမျိုးထွန်းမှာ အိပ်ယာမှ နိုးလာပြီး ၎င်းတို့ကို မြင်တွေ့သွားသဖြင့် အသင့်ယူဆောင်လာသည့် ဓားနှင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

 

S-03