News

POST TYPE

POPULAR POST

ဟန်နေတာနှင့် ခင်ဝင့်ဝါတို့၏ ဓါတ်ပုံကို ဖေ့စ်ဘွတ်ခ်ပေါ် တွဲလျက်တင်သူနှစ်ဦး ၆၆ (ဃ) နှင့် အမှုဖွင့်ခံရ
05-Oct-2019


အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေသည့် အမှုဖွင့်ခံရသည့် ဓါတ်ပုံ

ရန်ကုန်၊ အောက်တိုဘာ ၅

လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ဓာတ်ပုံနှင့်စာသားများ ရေးသားဖော်ပြမှုနှင့်ပတ်သက်၍ သရုပ်ဆောင် ခင်ဝင့်ဝါမှ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်နှစ်ဦးကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်အရေးယူထားသည့် ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် နှစ်ဦးမှာ pyae phyo hein အကောင့်အမည်နှင့် zaw zaw maung အကောင့်အမည်တို့ဖြစ်ပြီး လတ်တလောတွင် ယင်းအမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖွင့်တိုင်ကြားချက်အရ သရုပ်ဆောင် ခင်ဝင့်ဝါမှ ၎င်း၏ ဓာတ်ပုံနှင့် အဆိုတော် ဟန်နေတာ၏ ဓာတ်ပုံတို့ကို အသုံးပြုပြီး “နာရီပိုင်ရှင် ဘယ်သူလဲ” ဟု ရေးသားထားသည့် စာနှင့်တူ အသရေပျက်စေရန် ရည်ရွယ်၍ မဟုတ်မမှန်သတင်းများ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြသည့် အကောင့်ပိုင်ရှင်နှစ်ဦးကို ဥပဒေအရ အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို အောက်တိုဘာလ ၃ ရက်နေ့က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းတွင် သရုပ်ဆောင်ခင်ဝင့်ဝါက တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယင်းအမှုကို (ပ) ၂၄၇၇/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုလက်ခံ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03