POST TYPE

POPULAR POST

အမျိုးသမီးတွေက အမျိုးသားတွေထက် ခံတွင်းကျန်းမာရေးအတွက် နှစ်ဆပို အကုန်ကျခံ
18-Nov-2016

အမျိုးသမီးတွေက အမျိုးသားတွေထက် သွားနဲ့ခံတွင်း ကျန်းမာသန့်ရှင်းရေးနဲ့ ပတ်သက်ပြီး နှစ်ဆခန့် ပိုအကုန်အကျခံတယ်လို့ ဗြိတိန် သွားနဲ့ခံတွင်း ကျန်းမာရေး အဖွဲ့အစည်းတစ်ခုကနေ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ရပ်အရ တွေ့ရှိခဲ့ရပါတယ်။

ပျှမ်းမျှအားဖြင့် အမျိုးသမီးတွေဟာ ၃ လကို တစ်ကြိမ်ခန့် သွားပွတ်တံ အသစ်လဲတတ်ကြပေမယ့် အမျိုးသားတွေကတော့ ၆ လကျော်မှ တစ်ကြိမ်လောက်သာ သွားပွတ်တံအသစ် လဲတတ်ကြပါတယ်။

ဒါ့အပြင် အမျိုးသားတွေဟာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အမျိုးသမီးတွေ အကုန်အကျခံတာရဲ့ တစ်ဝက်လောက်သာ သုံးစွဲလေ့ ရှိကြတယ်လို့လည်း ယင်းသုတေသနရလဒ်တွေက ဆိုပါတယ်။

အမျိုးသား ဆယ်ယောက်မှာ ၇ ယောက်လောက်က သူတို့ရဲ့ ဇနီး၊ ချစ်သူမိန်းကလေးတို့ရဲ့ သွားပွတ်တံကို ယူသုံးတတ်ပေမယ့် အဲဒီလို ကိုယ့်ခင်ပွန်း၊ ချစ်သူယောက်ျားလေးရဲ့ သွားပွတ်တံကို ယူသုံးတတ်တဲ့ မိန်းကလေးကတော့ ၁၀၀ မှ၂၅ ယောက်လောက်ပဲ ရှိပါတယ်။

ဒီအချက်တွေအရ အမျိုးသား အတော်များများဟာ ၃ လကို တစ်ကြိမ်လောက် သွားပွတ်တံအသစ် လဲသင့်တယ်ဆိုတဲ့ သွားဆရာဝန်တွေရဲ့ အကြံပြုချက် အပါအဝင် သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် လိုက်နာသင့်တဲ့ အချက်အတော်များများကို မလိုက်နာကြဘူးလို့ ယူဆရကြောင်း ဗြိတိန်ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

Ref: Daily Mail