News

POST TYPE

POPULAR POST

စည်ပင်သာယာက ဇွန်လအတွင်း အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမှု ၁၈၀ ကျော်ရှိ
16-Jul-2019


ရန်ကုန်၊ ဇူလိုင် ၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြေပိုင်ဆိုင်မှုအမှန်ဖြင့် လာရောက်လျှောက်ထားသော အဆောက်အအုံများ ခွင့်ပြုမှု ၁၈၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

လုံးချင်းအဆောက်အအုံများမှ ၈ ထပ်နှင့်အထက် အဆောက်အအုံများ တည်ဆောက်အကောင်အထည်ဖော်မှုမှာ ၁၈၇ လုံးအထိရှိခဲ့ပြီး ဆောက်လုပ်အကောင်အထည်ဖော်သည့် လုံးချင်းအိမ်များနှင့် ၉ ထပ်အောက် အဆောက်အအုံအများစုဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စာရင်းများအရ သိရသည်။ 

အဆောက်အအုံ ဆောက်လုပ်ခွင့် ပြုခဲ့သည့်မြို့နယ်များမှာ ရန်ကင်း၊ လှိုင်၊ ဒဂုံတောင်၊ မြောက်ဥက္ကလာ၊ တာမွေ၊ သာကေတ၊ အင်းစိန်၊ မရမ်းကုန်း၊ စမ်းချောင်း၊ ဒဂုံအရှေ့၊ ဒေါပုံ၊ တောင်ဥက္ကလာစသည့် မြို့နယ်များဖြစ်ပြီး ရုံးခန်းအဆောက်အအုံများ၊ လူနေအိမ်ခန်းများနှင့် လုံးချင်းအိမ်များ အများဆုံးခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပြည့်ဖြိုးမြင့်မွန်