News

POST TYPE

POPULAR POST

အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို ဖခင်အရင်းက အဓမ္မပြုကျင့်
16-Jul-2019

မန္တလေး၊ ဇူလိုင် ၁၆

မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ အသက် ၁၂ နှစ်အရွယ် ဆွံ့အနားမကြားသည့် မိန်းကလေးငယ်တစ်ဦးကို ဖခင်အရင်းဖြစ်သူက မုဒိမ်းကျင့်ခဲ့သဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါစခန်းထံမှ သိရသည်။

ဖခင်ဖြစ်သူက သုံးကြိမ်ပြုကျင့်ခံခဲ့ရသည်ဟု လက်ဟန်ခြေဟန်ဖြင့် ပြောပြသည်ကိုသိရှိခဲ့ပြီး မိခင်ဖြစ်သူက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ အမျိုးသားသည် အိမ်ထောင်နှစ်ဆက်ရှိသူဖြစ်ပြီး ယခင်အိမ်ထောင်ဖြင့် ရရှိခဲ့သည့်သမီးနှစ်ဦးအနက် အသက်နှစ်ဆယ်အရွယ် သမီးကြီးမှာလည်း လက်ရှိအတူ နေထိုင်လျက်ရှိရာ ယင်းသမီးဖြစ်သူကိုလည်း ဆယ်နှစ်သမီးအရွယ်ကတည်းက အဓမ္မပြုကျင့်ခဲ့သည်ဟု မိထွေးဖြစ်သူအား ပြောပြခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ မုဒိမ်းမှုကျူးလွန်သူ အမျိုးသားကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04