News

POST TYPE

POPULAR POST

မြိတ်တွင် ရေသန်ဘူး၊ အချိုရည်ဘူးခွံများဖြင့် တံမြက်စည်းပြုလုပ်
16-Jul-2019
ပုံစာ - ရေသန်ဘူးခွံမှ တံမြက်စည်းပြုလုပ်နေစဉ်။
မြိတ်၊ ဇူလိုင် ၁၆

မြိတ်တွင် စွန့်ပစ်ရေသန့်ဘူး၊ အချိုရည်ဘူးခွံများဖြင့် တံမြက်စည်းများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စတင်ပြုလုပ်လျက်ရှိကြောင်း တံမြက်စည်းပြုလုပ်နေသည့် ဦးသန်းဇော်ဦးထံမှ သိရသည်။

ဦးသန်းဇော်ဦးသည် ကွမ်းသီးပင်ဖက်ဖြင့် အစားအသောက်ဆိုင်ရာ ပစ္စည်းများထုတ်လုပ်နေသူဖြစ်သည်။

စွန့်ပစ်ရေသန်ဘူးခွံများ၊ အချိုရည်ဘူးခွံများအား ကြိုးအဖြစ်ရရှိအောင် နန်းဆွဲခြင်း၊ အပူပေးခြင်းနှင့် မာကျောမှုရရှိရန် အခြောက်ခံခြင်းစသဖြင့် အဆင့်ဆင့်ပြုလုပ်ကာ တံမြက်စည်းအဖြစ် ပြုလုပ်ခြင်းဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

ယင်းသို့ စွန့်ပစ်ရေသန့်ဘူး၊ အချိုရည်ဘူးခွံများအား တံမြက်စည်းအဖြစ် ပြုလုပ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကိုထိန်းသိမ်းရန် ရည်ရွယ်ကြောင်း ဦးသန်းဇော်ဦးက ဆိုသည်။

“ရေသန့်ဘူးခွံ့(တစ်လီတာ)တွေက သဘာဝ ပတ်ဝန်းကျင်ကို ပြဿနာပေးနေတာ”ဟု ၎င်းက ဆိုသည်။

ယင်းရေသန်ဘူးခွံများအား တံမြက်စည်းများပြုလုပ်ခြင်းဖြင့် ပလတ်စတစ် ရေသန်ဘူးခွံများကြောင့် ရေမြောင်းပိတ်ဆို့မှုကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပထမဆုံးပြုလုပ်သည့် တံမြက်စည်းအချောင်းရေ ၂၀၀ ခန့်အား မြိတ်၊ ပုလော၊ တနင်္သာရီနှင့် ကျွန်းစုမြို့တို့ရှိ သန့်ရှင်းရေးများ ပြုလုပ်နေသည့် ပရဟိတအသင်းများကို တစ်မြို့လျှင် ၅၀ ချောင်းနှုန်းဖြင့် လှူဒါန်းပေးသွားမည်ဖြစ်ပြီး သီတင်းကျွတ်ကာလရောက်မှသာ ဈေးကွက်အတွင်းသို့ ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

Dawei Watch