POST TYPE
POPULAR POST
စက်လှေတိမ်းမှောက်မှုကြောင့် ကျောင်းသူ (၄) ဦး ပျောက်ဆုံး တစ်ဦး၏အလောင်းကို စတင်တွေ့
13-Jul-2019
မကွေး၊ ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ မြောက်ဘက် (၃) မိုင်ကွာဝေးသော မထုံးချောင်းတွင် ဇူလိုင် (၁၂) ရက် နေ့လည်ပိုင်းက စက်လှေ (၁) စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာတွင် ကျောင်းသူ (၄) ဦး ပျောက်ဆုံးခဲ့ပြီး၊ ကျောင်းသူတစ်ဦး အလောင်းကို ယနေ့ နံနက် (၉) နာရီကျော်က တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက ပြောကြားသည်။
ယင်းတိမ်းမှောက်သည့်လှေမှာ မင်းတုန်းမြို့နယ်ဘက်မှ ပေါက်ကိုင်းကျေးရွာသို့သွားသော လှေဖြစ်ပြီး ကျောင်းသား/သူ (၁၆) ဦးနှင့် အရပ်သား ၃ ဦး၊ စုစုပေါင်း (၁၉) ဦး တင်ဆောင်လာခဲ့သည်။
အခင်းဖြစ်ပွားပြီးနောက် ကျောင်းသူ (၄) ဦး ပျောက်ဆုံးသွားပြီး ယနေ့ နံနက်တွင် ကျောင်းသူတစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိသော်လည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများပူးပေါင်းကာ စက်လှေ (၈) စီးဖြင့် ရှာဖွေနေဆဲဖြစ်သည်။
"ဝန်ပိုတင်လို့ စက်လှေမှောက်တာပါ။ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။ စက်လှေမောင်းတဲ့သူကိုလည်း အမှုဖွင့်ထားပါတယ်"ဟု မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ စက်လှေတိမ်းမှောက်မှုကြောင့် စက်လှေမောင်းသမားအား မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် (ပ) ၁၂၆/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ - ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။
R-23
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
06-Dec-2019
-
05-Dec-2019
-
01-Dec-2019