News

POST TYPE

POPULAR POST

ချင်းတွင်းမြစ်ရေတက်၍ ခန္တီးတွင် အနိမ့်ပိုင်းကျေးရွာအချို့ ရေကြီး
11-Jul-2019

ကလေး၊ ဇူလိုင် ၁၁

မြောက်ဖျားဒေသများတွင် မိုးအားကောင်းနေခြင်းကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လာရာ ခန္တီးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းကျေးရွာအချို့တွင် ရေဝင်ရောက်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း ယင်းဒေသခံများက ပြောကြားသည်။

ချင်းတွင်းမြစ်ရေမြင့်တက်နေခြင်းကြောင့် လက်ရှိအချိန်တွင် ခန္တီးမြို့ပေါ်ရှိ ရပ်ကွက်များသို့ ရေဝင်ရောက်နစ်မြုပ်ခြင်း မရှိသေးသော်လည်း အနိမ့်ပိုင်းကျေးရွာလေးရွာသို့ ရေများစတင်ဝင်ရောက်နေပြီး ဆင်သေကျေးရွာရှိ နံနက်ခင်းဈေးတွင်လည်း ရေဝင်ရောက်သဖြင့် ပြောင်းရွှေ့ခဲ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။

မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် ချင်းတွင်းမြစ်ရေမှာမြင့်တက်လာရာ ခန္တီးမြို့တွင် ၁၂၄၀ စင်တီမီတာနှင့် ဟုမ္မလင်းမြို့တွင်၂၇၅၄ စင်တီမီတာဖြင့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးသို့ ရောက်ရှိရန်နီးကပ်နေပြီး ယင်းအတိုင်း မြစ်ရေဆက်တက်လာပါက စိုးရိမ်ရေမှတ်သို့အသီးသီးသို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေသတိပေးချက် ထုတ်ပြန်ထားသည်။

R-20