News

POST TYPE

POPULAR POST

အသက် ၈၀ အရွယ် အဘွားက အကြွေးဖြင့်ထီထိုး၍ ကျပ်သိန်းတစ်သောင်းခွဲဆုပေါက်
01-Jul-2019

ဟင်္သာတ၊ ဇူလိုင် ၁

ငါးကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကို ဟင်္သာတမြို့ အေးမြသာယာရပ်ကွက် အလောင်းဘုရားလမ်းသွယ်တွင်နေထိုင်သော အသက် ၈၀ အရွယ် ဒေါ်ခင်တင့်က ဆွတ်ခူးခဲ့သည်။

သိန်းတစ်သောင်းခွဲဆု ထီပေါက်လက်မှတ်များကို ရွှေထီး ထီရောင်းချသူ ဦးစောဝင်းထံက အကြွေးဖြင့် ဆယ်စောင်ထိုးခဲ့ခြင်းဖြစ်သည်။

ဒေါ်ခင်တင့်သည် လွန်ခဲ့သည့် ငါးနှစ်ခန့်က ကွယ်လွန်သွားသည့် အမျိုးသား တပ်မတော်ဒုတပ်ကြပ်၏ပင်စင်ဖြင့် ဘဝရပ်တည်ခဲ့ပြီး သားသမီး ငါးဦးရှိသည့်အနက် သားတစ်ဦး တပ်မတော်တွင် ကျဆုံးသွားပြီဖြစ်ရာ သားနှစ်ယောက် သမီးနှစ်ယောက်ဖြင့် လက်ရှိနေထိုင်နေသည်။

“ထီလက်မှတ်ကို လုံခြုံအောင် လုပ်ပြီးပါပြီ။ အဖွားရဲ့ကျန်းမာရေးကို စောင့်ကြည့်နေတယ်။ လိုအပ်ရင် ဆေးရုံတင်ထားမယ်။ အဖွားက အရမ်းစိတ်လှုပ်ရှားနေတော့ ကျွန်တော်စိုးရိမ်တယ်”ဟု အေးမြသာယာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းအောင်က ပြောကြားသည်။

ကျပ်သိန်းတစ်သောင်းခွဲ ဆွတ်ခူးသွားသော အဖွားဒေါ်ခင်တင့်မှာ ယခင်က ကျပ်ငါးသိန်းဆုလည်း ဆွတ်ခူးဖူးသူဖြစ်သည်။

R-13