News

POST TYPE

POPULAR POST

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ်ကိုကိုယ် သေနတ်ပစ် သေဆုံး
12-Jun-2019


ဇွန်၊ ၁၁

အကျဉ်းထောင်အတွင်း သေဆုံးသွားသော အောင်သပြေရွာသား ဦးထွန်းမြင့်ဝင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးခံနေရသော ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွှန့်သန်းသည် ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်သေဆုံးသွားကြောင်း ယင်းရဲစခန်းမှ သိရသည်။

ယင်းသေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သိရှိရခြင်းမရှိသေးကြောင်း ရဲစခန်းရှေ့ ရောက်ရှိနေသော သတင်းထောက်များက ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွှန့်သန်းအပါအဝင် တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ အကျဉ်းထောင်တာဝန်ရှိသူများ၊ ပုသိမ်ကြီးမြို့နယ်စခန်း၊ မြို့မစခန်း၊ ကြာနီကန်ရဲကင်းစခန်းတို့မှ အရာရှိများ၊ တပ်ဖွဲ့ဝင်များကို စီအိုင်ဒီရဲတပ်ဖွဲ့က ယခုရက်ပိုင်းအတွင်း စစ်ဆေးလျက်ရှိကြောင်း ရဲအရာရှိများထံမှ စုံးစမ်းသိရသည်။