News

POST TYPE

POPULAR POST

ဟွားဝေ၏ Hongmeng OS က Android ထက် အဆ ၆၀ ပိုမြန်၊ Android သာမကဘဲ iOS ပါ သုံးနိုင်မည်
03-Jun-2019


ရှန်ဟိုင်း၊ ဇွန် ၃

တရုတ်နိုင်ငံအခြေစိုက် ဟွားဝေနည်းပညာ ထုတ်လုပ်ရေးလုပ်ငန်းစုက ဈေးကွက်နှင့်မိတ်ဆက်တော့မည့် Hongmeng OS သည် Android ထက် အဆပေါင်း ၆၀ ပိုမိုမြန်ဆန်ကြောင်း Digitalphablet.com က ဖော်ပြထားသည်။

ဟွားဝေသည် ၎င်းတို့အနေနှင့် ကိုယ်ပိုင် Operating System (OS) ပိုင်ဆိုင်နိုင်ရန် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်ကတည်းကပင် ကြိုးပမ်းနေခဲ့ခြင်းဖြစ်ကြောင်း အသိပေးသွားခဲ့ပြီး လက်ရှိအချိန်တွင် Hongmeng OS က ပြီးပြည့်စုံသောအဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်၍ များမကြာမီတွင် ဟွားဝေနည်းပညာပစ္စည်းပိုင်ရှင်များအားလုံးမှာ Hongmeng OS ကို အသုံးပြုခွင့် ရရှိနိုင်တော့မည်ဖြစ်ကြောင်းလည်း ဟွားဝေက ရှင်းပြထားသေးသည်။

ဟွားဝေနည်းပညာကုမ္ပဏီ အကြီးအကဲများ၏ အတည်ပြုပြောကြားချက်များအရ ဟွားဝေကုမ္ပဏီထုတ် နည်းပညာပစ္စည်းများကို သုံးစွဲနေသူများသည် ယခုဇွန်လအတွင်း၌ပင် Hongmeng OS ကို Download ရယူနိုင်ကြလိမ့်မည်ဟု သိရှိရပြီး Google နှင့် စီးပွားရေးမိတ်ဖက်အခြေအနေကို မရပ်စဲလိုသေးသည့်အတွက် Hongmeng OS ကို ဈေးကွက်နှင့်မိတ်မဆက်ဘဲ ထားရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ဟွားဝေစီအီးအို ရင်ကျန်ဖေးက အသိပေးသွားခဲ့သည်။

Hongmeng OS သည် Android အက်ပလီကေးရှင်းများကိုသာမကဘဲ iOS အက်ပလီကေးရှင်းများကိုပါ ထောက်ပံ့ပေးနိုင်စွမ်း ရှိလိမ့်မည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေပြီး Hongmeng OS ကို လုံးဝစိတ်ကျေနပ်ဖွယ်ရာ အနေအထားတစ်ရပ်ဖြင့် သုံးစွဲကြရလိမ့်မည်ဟု အာမခံကြောင်းလည်း ဟွားဝေက ပြောကြားထားသည်။

E-11