News

POST TYPE

POPULAR POST

ဂွါဒီယိုလာနဲ့ ဂျူဗင်တပ်အကြား လေးနှစ်သက်တမ်း စာချုပ်ချုပ်လိုက်ပြီး လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ တရားဝင်အတည်ပြုချက်ထုတ်ပြန်မယ်
22-May-2019


တူရင်၊ မေ ၂၂

မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ဂျူဗင်တပ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီပဲဖြစ်ပါတယ်။

အီတလီနိုင်ငံအခြေစိုက် Sportiva ရေဒီယိုဟာ ဂျူဗင်တပ်အသင်းကို ဂွါဒီယိုလာ တာဝန်ယူမှာ သေချာနေပြီဖြစ်ကြောင်း ထုတ်ဖော်အသိပေးလိုက်ပြီး နှစ်ဦးနှစ်ဖက်အကြားမှာ လေးနှစ်သက်တမ်းစာချုပ်ကို ချုပ်ဆိုကြမှာဖြစ်တယ်လို့ Sportiva ရေဒီယိုရဲ့သတင်းထောက် ဂျင်နာရယ်လ်လီက ပြောကြားသွားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ လက်ရှိမှာတော့ အီတလီနိုင်ငံ မီလန်မြို့ဆီကို ရောက်ရှိနေပြီး သူတည်းခိုတဲ့ ပါလတ်ဇ်ဇို ပါရီဂီဟိုတယ်ထဲကို ဂျူဗင်တပ်အားကစားဒါရိုက်တာ ဖေဘီယို ပါရာတီစီ ဝင်ရောက်သွားခဲ့တာဟာ ဂွါဒီယိုလာနဲ့ တွေ့ဆုံစကားပြောဆိုဖို့ကလွဲပြီး တခြားမဖြစ်နိုင်ဘူးလို့ အားကစားသတင်းမီဒီယာအားလုံးက တညီတညွတ်တည်း မှတ်ချက်ပေးထားပါတယ်။

သတင်းထောက် ဂျင်နာရယ်လ်လီဟာ အီတလီဘောလုံးလောကနဲ့သက်ဆိုင်တဲ့ သတင်းထူး သတင်းဦးတွေကို အမြဲတစေ ပိုင်ဆိုင်ရရှိတတ်လေ့ရှိသူဖြစ်ပြီး မနှစ်တုန်းကလည်း ဂျူဗင်တပ်ဆီကို စီရော်နယ်ဒို ပြောင်းရွှေ့ရောက်ရှိလာတော့မယ့် အကြောင်းကို အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အတည်ပြုချက်သတင်းတွေ ထွက်ပေါ်မလာခင် သီတင်းနှစ်ပတ်လောက်ကတည်းက သူက ကြိုတင်အသိပေးခဲ့ဖူးပါတယ်။

ဂွါဒီယိုလာဟာ သူနဲ့စပွန်ဆာစာချုပ်ချုပ်ဆိုထားတဲ့ စီးပွားရေးလုပ်ငန်းစုတွေရဲ့လူမှုရေးပွဲတွေကို တက်ရောက်ပေးဖို့အတွက် မီလန်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာ ဂျူဗင်တပ်က ဂွါဒီယိုလာကို အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိမ့်မယ်လို့လည်း Sportiva ရေဒီယိုက ပြောကြားထားပါတယ်။

E-11


  • VIA