News

POST TYPE

POPULAR POST

မိတ္ထီလာရဲစခန်းဝန်းအတွင်း ရဲအုပ်တစ်ဦးနှင့် ဇနီး သေနတ်ဒဏ်ရာဖြင့် သေဆုံး
16-May-2019


မိတ္ထီလာ၊ မေ ၁၆

မန္တလေးတိုင်း မိတ္ထီလာမြို့နယ်အတွင်းရှိ မိတ္ထီလာမြို့မရဲစခန်းဝန်းအတွင်းရှိ အရာရှိတိုက်တန်းလိုင်းခန်း အတွင်း၌ ရဲအုပ်တစ်ဦးနှင့် ဇနီးဖြစ်သူတို့သည် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို မေလ ၁၆ ရက် နံနက်ပိုင်းကတွေ့ရှိခဲ့ကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။

အဆိုပါရဲအုပ်လက်ထဲတွင် သေနတ်ကိုင်ထားသကဲ့သို့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီး ၎င်းဇနီး၏ ဦးခေါင်းတွင်လည်း သေနတ်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေကြောင်း၊ ၎င်းတို့အနီးတွင် ကျည်ခွံနှစ်တောင့်ကိုပါ တွေ့ခဲ့ရပြီး ယမန်နေ့ (မေလ ၁၅ ရက်) ညနေပိုင်းက ယင်းလင်မယားနှစ်ဦး စကားများခဲ့ကြကို သိခဲ့ရကြောင်း၊ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားသော ရဲအရာရှိမှာ ရဲအုပ် အောင်နိုင်ထွန်းဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မြင့်မြင့်သိန်းဖြစ်ကြောင်း အဆိုပါရဲတပ်ဖွဲ့ထံမှ သိရသည်။

R-01 






  • VIA