News

POST TYPE

POPULAR POST

အကျဉ်းထောင် ၆ ခုတွင် ဆူပူမှုဖြစ်၊ ရွှေဘိုထောင်၌ အကျဉ်းသား ၄ ဦး သေဆုံး
10-May-2019


နိုင်ငံတော်သမ္မတ၏ တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အပြီး ထောင်ဆူပူမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်

ရန်ကုန်၊ မေ ၉

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ၃ကြိမ်ပေးခဲ့သည့်တိုင်အောင် မျှတမှုမရှိဟုဆိုကာ အကျဉ်းထောင် ၆ ခု တွင် မေလ ၇ ရက်နေ့ညမှ စတင်ကာ ဆူပူဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြသည်။ 

ဘားအံ၊ မော်လိုက် ကလေး၊ ရွှေဘို၊ သာယာဝတီ၊ ပုသိမ်နှင့် မြစ်ကြီးနား အကျဉ်း ထောင်တို့တွင် ဆူပူမှု ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


မေလ ၇ ရက် ည ၉ နာရီမှ စတင်ကာ ဘားအံထောင်တွင် စတင်ဆူပူခဲ့ပြီး အကျဉ်းသားအခွင့်အရေး တန်းတူရရှိရေး ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြကာ မေ ၈ ရက် နေ့လယ်အထိ ဆူပူခဲ့ကြောင်း ဘားအံအကျဉ်းထောင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မေ ၈ ရက် နံနက်ပိုင်းကလည်း အကျဉ်းသား ၂၀၃၁ ဦးရှိသည့် မော်လိုက် ကလေးထောင်တွင်လည်း အမျိုးသမီးအဆောင်မှ စတင်ဆူပူခဲ့ကာ နိုင်ငံတော်သီချင်းကို အော်ဟစ်သီဆိုခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး၊ လူ့အခွင့်အရေး ကော်မရှင်ခေါ်ပေးရေး၊ အစိုးရတာဝန်ရှိသူများ ခေါ်ပေးရေး၊ မီဒီယာများ ခေါ်ပေးရေးတို့ကို တောင်းဆိုခဲ့ကြကြောင်း ကလေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီက ပြောကြားသည်။

အကျဉ်းထောင် တာဝန်ရှိသူများ နှင့် ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးတို့ ပူးပေါင်းကာ အကျဉ်းသားများနှင့်တွေ့ဆုံပြီး တောင်းဆိုချက်များကို ဝန်ကြီးချုပ်ထံ တိုက်ရိုက်တင်ပြပြီး သမ္မတထံလည်း တင်ပြပေးမည်ဟု ကတိပေးခဲ့သဖြင့် ပြေလည်မှုရရှိခဲ့ကြောင်း ဦးညီညီက ဆိုသည်။


ယင်းနေ့ (မေ ၈) ညနေပိုင်းတွင် တော့ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားများက တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး ဆူပူခဲ့ကြသည့်အတွက် ပစ်ခတ်နှိမ်နင်းရာ အကျဉ်းသား ၄ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း ပရဟိတ ကယ်ဆယ်ရေးလုပ်သားများထံမှ သိရသည်။

သေဆုံးသူအကျဉ်းသားများ၏ ရုပ်အလောင်းများကို နံနက်ပိုင်းတွင် သယ်ထုတ်ခဲ့ကြပြီး ထိုအချိန်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်လည်း အကျဉ်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရွှေဘိုအကျဉ်းထောင်ရှေ့သို့ ရောက်ရှိနေသည့် သတင်းထောက်များက ပြောဆိုသည်။

ဝန်ကြီးချုပ်နှင့် အကျဉ်းသားများ ပထမအကြိမ် ဆွေးနွေးရာတွင် အဖြေမရရှိသဖြင့် နေ့လယ်ပိုင်းတွင် တပ်မတော်သားများ ထောင်တွင်းသို့ ဝင်ရောက်ထိန်းသိမ်းခဲ့ကြောင်း ရွှေဘိုထောင်ရှေ့သို့ ရောက်ရှိ နေသူများက ပြောကြားသည်။

နေ့လယ်ပိုင်းတွင် ရွှေဘိုထောင်အတွင်းမှ သေနတ်ပစ်သံများ ကြားရပြီးနောက် ဝန်ကြီးချုပ်လည်း ထောင်အတွင်းသို့ ထပ်မံဝင်ရောက်ကာ ဆွေးနွေးခဲ့ပြီး အကျဉ်းသားများနှင့် ပြေလည်မှုရရှိခဲ့သည် ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဆိုသည်။

ရွှေဘိုထောင်သည် ဧပြီ ၂၂ ရက်ကလည်း ဆူပူမှုဖြစ်ပွားသေးခဲ့သည်။

ယနေ့ (မေ ၉) ရက်နံနက်ပိုင်းကလည်း သာယာဝတီထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားများက မီဒီယာနှင့် တွေ့ဆုံရေး၊ အကျဉ်းသားများ တန်းတူအခွင့်အရေးရရှိရေး၊ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံရေးတို့ကို တောင်းဆိုကြောင်း ထောင်ဝင်စာလာရောက်တွေ့ဆုံသူများက ပြောသည်။

ထို့ပြင် ပုသိမ်အကျဉ်းထောင်တွင်လည်း ယနေ့ (မေ ၉) ဆူပူမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားအခွင့်အရေးတန်းတူရရှိရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးတို့ကိုတောင်းဆိုခဲ့ကြသည်ဟု ပုသိမ်းကျဉ်းထောင်ရှေ့သို့ ရောက်ရှိနေသည့် The Voice သတင်းထောက် သတင်းပေးပို့သည်။

နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်ဇောနှင့် တာဝန်ရှိသူများက အကျဉ်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြေလည်မှုရရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှသိရသည်။

ထို့အတူ မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း ယနေ့ (မေ ၉) မနက်ပိုင်းမှ စတင်ကာ ဆူပူမှုဖြစ်ပွားနေပြီး အကျဉ်းသားများက မီဒီယာနှင့် တွေ့ဆုံရေး၊ ဝန်ကြိးချုပ်နှင့် တွေ့ဆုံခွင့်ရရေး၊ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံခွင့်ရရေး၊ တန်တူညီမျှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိရေးတို့ကို တောင်းဆိုခဲ့ကြကြောင်း မြစ်ကြီးနားမြိုနယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကပြောသည်။

ထိုကဲ့သို့ ဆူပူမှုဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အငြိမ်းစားထောင်မှူးကြီးဦးခင်မောင်မြင့်က အစိုးရအနေဖြင့် မည်ကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းနှင့် မလွတ်သူများကိုလည်း ဘာကြောင့် မလွတ်သည်ကို ရှင်းပြဖို့ လိုအပ်ကြောင်း ထောက်ပြသည်။

“အကျဉ်းသားလွတ်ပေးဖို ဘယ်လို့ စိစစ်ပြီး လွတ်တာကို တိတိကျကျ ရှင်းပြရမယ်။ ပွင့်လင်းမြင်သာမှု မရှိလို့ အခုလို့ ထောင်ဆူပူဖြစ်တာပါ” ဟု ဦးခင်မောင်မြင့်က မှတ်ချက်ပေးသည်။

ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း လွတ်ငြိမ်းချမ်းသာခွင့်ကို သေချာစီစစ်ပြီးမှ ပေးသင့်ပြီး ထောင်ဆူတိုင်း လွတ်ငြိမ်းသာခွင့်ပေးခြင်းသည် အဖြေမဟုတ်ကြောင်း ပြောသည်။ အုပ်ချုပ်ရေး ဦးစီးမှူးတို့ ပူးပေါင်းကာ အကျဉ်းသားများနှင့် တွေ့ဆုံပြီး တောင်းဆိုချက်များကို ဝန်ကြီးချုပ်ထံ တိုက်ရိုက်တင်ပြပြီး သမ္မတထံလည်း တင်ပြပေးမည်ဟု ကတိပေးခဲ့သဖြင့် ပြေလည်မှုရရှိခဲ့ကြောင်း ဦးညီညီက ဆိုသည်။

ယင်းနေ့ (မေ ၈) ညနေပိုင်းတွင်တော့ ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသားများက တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်ပြီး ဆူပူခဲ့ကြသည့်အတွက် ပစ်ခတ်နှိမ်နင်းရာ အကျဉ်းသား ၄ ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိကြောင်း ပရဟိတကယ်ဆယ်ရေးလုပ်သားများထံမှ သိရသည်။

သေဆုံးသူအကျဉ်းသားများ၏ ရုပ်အလောင်းများကို နံနက်ပိုင်းတွင် သယ်ထုတ်ခဲ့ကြပြီး ထိုအချိန်တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်လည်း အကျဉ်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရွှေဘိုအကျဉ်းထောင်ရှေ့သို့ ရောက်ရှိနေသည့် သတင်းထောက်များက ပြောဆိုသည်။

ဝန်ကြီးချုပ်နှင့် အကျဉ်းသားများ ပထမအကြိမ် ဆွေးနွေးရာတွင် အဖြေမရရှိသဖြင့် နေ့လယ်ပိုင်းတွင် တပ်မတော်သားများ ထောင်တွင်းသို့ ဝင်ရောက်ထိန်းသိမ်းခဲ့ကြောင်း ရွှေဘိုထောင်ရှေ့သို့ ရောက်ရှိနေသူများက ပြောကြားသည်။

နေ့လယ်ပိုင်းတွင် ရွှေဘိုထောင်အတွင်းမှ သေနတ်ပစ်သံများကြားရပြီးနောက် ဝန်ကြီးချုပ်လည်း ထောင်အတွင်းသို့ ထပ်မံဝင်ရောက်ကာ ဆွေးနွေးခဲ့ပြီး အကျဉ်းသားများနှင့် ပြေလည်မှုရရှိခဲ့သည်ဟု ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ဆိုသည်။

ရွှေဘိုထောင်သည် ဧပြီ ၂၂ ရက် ကလည်း ဆူပူမှုဖြစ်ပွားခဲ့သေးသည်။

ယနေ့ (မေ ၉) ရက်နံနက်ပိုင်းကလည်း သာယာဝတီထောင်တွင်းဆူပူမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားများက မီဒီယာနှင့် တွေ့ဆုံရေး၊ အကျဉ်းသားများ တန်းတူ အခွင့်အရေးရရှိရေး၊ လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံရေးတို့ကို တောင်းဆိုကြောင်း ထောင်ဝင်စာလာရောက်တွေ့ဆုံသူများက ပြောသည်။

ထို့ပြင် ပုသိမ်အကျဉ်းထောင်တွင် လည်း ယနေ့ (မေ ၉) ဆူပူမှု ဖြစ်ပွားခဲ့ပြီး အကျဉ်းသားအခွင့်အရေးတန်းတူရရှိရေး၊ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးတို့ကို တောင်းဆိုခဲ့ကြသည်ဟု ပုသိမ် အကျဉ်း ထောင်ရှေ့သို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။

နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇောနှင့် တာဝန်ရှိသူများက အကျဉ်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြေလည်မှုရရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှသိရသည်။

ထို့အတူ မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း ယနေ့ (မေ ၉) နံနက်ပိုင်းမှ စတင်ကာ ဆူပူမှုဖြစ်ပွားနေပြီး အကျဉ်းသားများက မီဒီယာနှင့် တွေ့ဆုံရေး၊ ဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်ရရေး၊ လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံခွင့်ရရေး၊ တန်းတူညီမျှ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးတို့ကို တောင်းဆိုခဲ့ကြကြောင်း မြစ်ကြီးနား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

ထိုကဲ့သို့ ဆူပူမှု ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အငြိမ်းစား ထောင်မှူးကြီး ဦးခင်မောင်မြင့်က အစိုးရအနေနှင့် မည်ကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းနှင့် မလွတ်သူများကိုလည်း ဘာကြောင့် မလွတ်သည်ကို ရှင်းပြဖို့လိုအပ်ကြောင်း ထောက်ပြသည်။

“အကျဉ်းသားလွှတ်ပေးဖို့ ဘယ်လို့စိစစ်ပြီး လွှတ်တာကို တိတိကျကျ ရှင်းပြရမယ်။ ပွင့်လင်းမြင်သာမှုမရှိလို့ အခုလို ထောင်ဆူပူမှုဖြစ်တာပါ” ဟု ဦးခင်မောင်မြင့်က မှတ်ချက်ပေးသည်။

ယခင်အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း လွတ်ငြိမ်းချမ်းသာခွင့်ကို သေချာစိစစ်ပြီးမှ ပေးသင့်ပြီး ထောင်ဆူတိုင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းသည် အဖြေမဟုတ်ကြောင်း ပြောဆိုသည်။