News

POST TYPE

POPULAR POST

တောင်ငူရဲစခန်းရှေ့ ပုပ်ပွနေသော ကလေးနှစ်ဦးအလောင်းတွေ့
05-May-2019



တောင်ငူ၊ မေ ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အမှတ် အမှတ် ၂ နယ်မြေ ရဲစခန်းရှေ့တွင် မေ ၅ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က ပုပ်ပွနေသော ကလေးငယ်နှစ်ဦးအလောင်းကို တွေ့ရှိခဲ့ကြောင်း ယင်းနယ်မြေရဲစခန်းမှ သိရသည်။

တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ အမှုနှင့်သိမ်းဆည်းခံထားသော တိုယိုတာအော်ဒက်စီအိမ်စီးယာဉ်ကားထဲမှ အပုပ်နံ့များရနေသောကြောင့် စခန်းတာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ တောင်ငူမြို့ စိန်ပန်းမြိုင်ရပ်နေ အသက် ၅ နှစ်မှ ၆ နှစ်အရွယ်ကြား မအိဖြူဝင်းနှင့် မယမင်းစိုးတို့နှစ်ဦးတို့ ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“ကလေးငယ်နှစ်ယောက်က အိမ်ခြေမဲ့ကလေးတွေပါ။ စခန်းရှေ့က ကားပျက်တစ်စင်းရဲ့ခေါင်းခန်းထဲမှာ ပုပ်ပွသေဆုံးနေတာ။ အောက်စီဂျင် ပြတ်လပ်တဲ့ပုံပါ။ တံခါးကလည်း မနည်းဆွဲဖွင့်လိုက်ရတယ်” ဟု အမှတ် ၂ နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမှုနှင့်ပတ်သက်ပြီး တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၆/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ၄င်းကဆိုသည်။

R-15