News

POST TYPE

POPULAR POST

ကိုယ်ရံတော်သက်တော်စောင့်ကို လက်ထပ်၍ ထိုင်းဘုရင် မိဖုရားတင်မြှောက်
02-May-2019


ဘန်ကောက်၊ မေ ၂

ထိုင်းဘုရင်မင်းမြတ် ဝိဇယလောင်ကွန်းသည် သူ၏သက်တော်စောင့် အမျိုးသမီးကို စုလျားရစ်ပတ် လက်ထပ်၍ မိဖုရားတင်မြှောက်လိုက်ကြောင်း BBC က ဖော်ပြထားသည်။

ယခု အံ့သြသင့်ဖွယ်ရာသတင်းသည် ဘုရင် ဝိဇယလောင်ကွန်း နန်းတက်ပွဲ မကျင်းပမီတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဘုရင် ဝိဇယလောင်ကွန်းမှာ လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်၌ ၎င်း၏ဖခမည်းတော် နတ်ရွာစံခဲ့အပြီးတွင် ထီးနန်းအရိုက်အရာကို ဆက်ခံခွင့်ရရှိခဲ့ခြင်းဖြစ်သည်။



ထိုင်းဘုရင် ဝိဇယလောင်ကွန်းသည် ယခုမတိုင်မီ အိမ်ထောင်သုံးကြိမ်ကျခဲ့ကာ ယင်းဇနီးကြင်ယာများအားလုံးကို ကွာရှင်းထားပြီးဖြစ်ပြီး ယင်းအိမ်ထောင်သုံးဆက်အတွင်း ဇနီးသုံးယောက်နှင့်အတူ ၎င်းက သားသမီးခုနစ်ဦးအထိ ထွန်းကားခဲ့သည်။

ထိုင်းဘုရင်မအဖြစ် တင်မြှောက်ခြင်းခံလိုက်ရသော ဘုရင်မင်းမြတ် ဝိဇယလောင်ကွန်း၏ သက်တော်စောင့်အမျိုးသမီးသည် ဆုသိဒါအမည်ရပြီး သူမမှာ ၂၀၁၆ ခုနှစ်ကတည်းက ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသော အမျိုးသမီးတစ်ဦးလည်းဖြစ်သည်။

ဘုရင် ဝိဇယလောင်ကွန်းနှင့် ဆုသိဒါတို့သည် ချစ်သူဘဝကို ကာလရှည်ကြာ လျှို့ဝှက်ဖြတ်သန်းခဲ့ကြသူများဖြစ်ကြကာ ၎င်းတို့နှစ်ဦးကို လူမြင်ကွင်းတွင် အတူတကွ မြင်တွေ့ခဲ့ရဖူးသည်များ ရှိသော်လည်း နှစ်ဦးနှစ်ဖက်လုံးက ထုတ်ဖော်ဝန်ခံသည်များမရှိသည့်အတွက် မင်းသားနှင့် မင်းသား၏ သက်တော်စောင့်ဟုသာ အများက ယူဆမှုများရှိခဲ့ကြသည်။

E-11




  • VIA