News

POST TYPE

POPULAR POST

မိတ္ထီလာတွင် မိုးရာသီ စိုက်ပျိုးစရိတ် ကျပ်သန်း ၇၁၀၀ ကျော် ထုတ်ချေးမည်
28-Feb-2019
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၈

မိတ္ထီလာမြို့နယ်ရှိ ဒေသခံတောင်သူများကို ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၇၁၀၀ ကျော် ထုတ်ချေးရန်လျာထားကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မိတ္ထီလာခရိုင်) မန်နေဂျာ ဦးဝင်းဇော်က ပြောကြားသည်။

“ပြီးခဲ့တဲ့နှစ်က ချေးငွေစုစုပေါင်းက (၄၇၁၅ ဒသမ ၄၀) ကျပ်သန်းပါ။ မနှစ်က အခြားသီးနှံ (ယာသီးနှံ) တစ်ဧကကို ငါးသောင်းချေးတယ်။ ဒီနှစ်မှာ အခြားသီးနှံ တစ်ဧကကို ငါးသောင်း တက်ပေးလိုက်တော့ တစ်သိန်းနှုန်းဖြစ်သွားပြီ။ တိုးပြီးတော့ ထုတ်ချေးနိုင်တယ်။ စပါးကတော့ အခုအချိန်အထိ မနှစ်ကလို တစ်ဧကကို တစ်သိန်းခွဲပါပဲ”ဟု ၎င်းက ပြောကြားသည်။

အဆိုပါလျာထားချက်အရ လာမည့်မိုးရာသီတွင် စပါးစိုက်ပျိုးစရိတ် ကျပ် (၂၈၂၅) သန်း၊ နှမ်းအတွက် ကျပ်သန်း (၃၅၀၀)၊ ပဲစဉ်းငုံအတွက် ကျပ်သန်း(၆၁၀)၊ ချည်မျှင်ရှည်ဝါအတွက် ကျပ်သန်း (၃၀)၊ ပဲတီစိမ်းအတွက် ကျပ်သန်း (၇၀)ခန့် ထုတ်ချေးမည်ဖြစ်ကြောင်း မိတ္ထီလာခရိုင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးထံမှ သိရသည်။

R-01