POST TYPE

POPULAR POST

YKKO ကြေးအိုး စားသောက်ဆိုင်လုပ်ငန်းကို ရိုးမကုမ္ပဏီဝယ်ယူ
11-Feb-2019



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ပြည်တွင်းနာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်သည့် YKKO ကြေးအိုးလုပ်ငန်းကို မြန်မာ့ထိပ်တန်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိမ်းဝေ (Mr. Serge Pun) ဦးဆောင်သည့် Yoma Strategic ကုမ္ပဏီက ဝယ်ယူလိုက်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

YKKO အမည်ဖြင့် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသော Yankin Kyay Oh Group of Companies Limited ၏ ရှယ်ယာ ၆၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်း (ကျပ်ငွေ ၁၉ ဒသမ ၄ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်ခြင်းဖြစ်သည်။

ယင်းကြောင့် YKKO လုပ်ငန်းသည် Yoma Strategic ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်လာမည်ဖြစ်သည်။ YKKO ကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် မော်လမြိုင်မြို့တို့တွင် ဆိုင်ခွဲပေါင်း ၃၇ ဆိုင်ရှိသည့် စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်သည်။

J-01

ဓာတ်ပုံ-YKKO