POST TYPE

POPULAR POST

ပြည်သူ့ပါတီထံ တိုင်ကြားစာ ၅ စောင် ပေးပို့
15-Jan-2019

မန္တလေး၊ ဇန်နဝါရီ ၁၅

ပြည်သူများက ၎င်းတို့၏ နစ်နာချက်များနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီထံသို့ တိုင်ကြားစာ ၅ စောင် ပေးပို့ထားကြောင်း တိုင်းပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုးထံက သိရသည်။

“ပါတီတစ်ခုက ပြည်သူတွေရဲ့ တိုင်ကြားချက်တွေကို ဆောင်ရွက်မပေးဘူးဆိုရင် အဲ့ဒီပါတီပေါ်မှာ သူရဲ့အရေးကိစ္စကို မဆောင်ရွက်ပေးဘူးလို့ ယူဆသွားမယ်။ ကျွန်တော်တို့ နိုင်ငံရေးလုပ်တာက ပြည်သူအရေးကိစ္စကို ဆောင်ရွက်ချင်လို့ ကျွန်တော်တို့ ထမ်းဆောင်နိုင်မယ်ထင်လို့ ပြည်သူက တာဝန်ပေးရင် ပြည်သူရဲ့ တာဝန်ကို ဆောင်ရွက်ချင်လို့”ဟု ၎င်းကဆိုသည်။

တိုင်ကြားစာများနှင့်ပတ်သက်ပြီး တိုင်းကော်မတီ အစည်းအဝေး ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ကော်မတီအစည်းအဝေးမှ ဆက်လက် ဆောင်ရွက်သင့်သည်များကို ဆွေးနွေဆုံးဖြတ်သွာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါတိုင်ကြားစာများမှာ မန္တလေးတိုင်းဒေသကြီး ပါတီရုံးခန်း မဖွင့်ခင်ကတည်းက အလုပ်သမားနှင့် ပတ်သက်သည်များ၊ လယ်ယာမြေနှင့် ပတ်သက်သည့်တိုင်ကြားစာများ ပါဝင်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ပါတီထံမှ သိရသည်။ 

M-05