News

POST TYPE

POPULAR POST

ရန်ကုန်တက္ကသိုလ် ရူပဗေဒ ဌာနမှူး (ငြိမ်း) တစ်ဦး၏ ရုပ်အလောင်းကို ကန်တော်ကြီးရေပြင်တွင်တွေ့
05-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၎

ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်တွင် နေထိုင်သည့် ရန်ကုန်တက္ကသိုလ် ရူပဗေဒ ဌာနမှူး (ငြိမ်း) ဖြစ်သူ ဒေါက်တာ မှိန်းဆွေထန်း၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ကန်တော်ကြီး ပန်းခြံအတွင်းရှိ နဂါးကျွန်းအနီး ကန်တော်ကြီး ရေပြင်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

သေဆုံးသူ Ph.D ဘွဲ့ရ အသက် ၆၁ နှစ် ဒေါက်တာမှိန်းဆွေထန်းမှာ ဒီဇင်ဘာလ ၃ ရက် ညနေပိုင်းက သားဖြစ်သူ၏ မင်္ဂလာကိစ္စ စီစဉ်ဆောင်ရွက်ပေးရန် နေအိမ်မှအပြင်သို့ တစ်ဦးတည်းထွက်သွားရာမှ ပျောက်ဆုံးနေခဲ့သူဖြစ်သည်။

“ရေနစ်သေဆုံးသူရဲ့ အလောင်းမှာ ပြင်ပဒဏ်ရာ ရှာမတွေ့ခဲ့ဘူး။ ကျန်ရစ်သူ မိသားစုရဲ့ ထွက်ဆိုချက်အရဆို သေဆုံးသူက မိဘနှစ်ပါး ဆုံးပါးသွားပြီးနောက်ပိုင်းမှာ စိတ်ကျရောဂါ ခံစားလာရတယ်။ ဝန်ထမ်းဘဝကနေ အငြိမ်းစားယူပြီး နောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူပါ ဆုံးပါးသွားတယ်။ အခု သားဖြစ်သူကပါ မင်္ဂလာဆောင်မယ်ဆိုတော့ မင်္ဂလာပွဲကိစ္စ ဆောင်ရွက်ပေးမယ်ဆိုပြီး အိမ်အပြင် တစ်ယောက်ထဲထွက်သွားရာက ကန်ထဲရေနစ်သေဆုံးနေတဲ့ အလောင်းကို ပြန်ရှာတွေ့ခဲတာလို့ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ရေနစ်သေဆုံးခဲ့သူ ဒေါက်တာ မှိန်းဆွေထန်း၏ ရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ခဲ့ရာ ပီအာရ် ဝ၄၈ ဖြင့် လက်ခံစစ်ဆေးနေပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ဗဟန်းမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၁၈ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03