News

POST TYPE

POPULAR POST

ကားလိမ်ရောင်းသူများကြောင့် ရန်ကုန်ကားဈေးကွက်ရပ်
12-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ရန်ကုန်ကားဈေးကွက်အတွင်း ကားများကို လိမ်လည်သူများကြောင့် ကားအရောင်းအဝယ်ဈေးကွက်မှာ ရပ်ဆိုင်းနေကြောင်း ကားဝယ်ရောင်းများထံမှ သိရသည်။

ကားလိမ်ရောင်းသူများသည် အပေါင်ခံထားသည့်ကားများနှင့် ကုမ္ပဏီများထံမှ ငှားထားသည့်ကားများကို လိမ်လည်၍ ရောင်းချကြခြင်းဖြစ်ပြီး မူရင်းကားပိုင်ရှင်များက သိရှိသွားကြသည့်အခါတွင် ဝယ်ယူထားသည့်သူများကို တရားစွဲမှုများပေါ်ပေါက်နေကြောင်း ၎င်းတို့ကဆိုသည်။

“အခု ကားဈေးကွက်က ရှုပ်ယှက်ခတ်နေတာပဲ။ ဘာတွေမှန်းမသိဘူး။ ပွင့်လင်းရာသီပေမယ့် ကားအရောင်းအဝယ်က လုံးဝမရှိဘူး” ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးအေးကျော်က ပြောဆိုသည်။

လိမ်လည်သူများမှာ သုဝဏ္ဏနှင့် မြောက်ဥက္ကလာပတို့ရှိ ယာဉ်ရောင်းဝယ်ရာနေရာများတွင် လိမ်လည်ရောင်းချကြခြင်း ဖြစ်ပြီး ၎င်းတို့မှာ လူအများစုကြိုက်သည့် ကျပ်သိန်း ၁၀၀ မှ ၂၀၀ ကြားရှိ ကားများဖြစ်ကာ ၁၅ စီးခန့်ရှိပြီဖြစ်ကြောင်း၊ လတ်တလော လိမ်လည်သူများနှင့် ဆက်စက်သူ ၂ ဦးကို ဖမ်းဆီးရမိထားသော်လည်း အဓိကလိမ်လည်သူများကို မမိသေးဟု သတင်းများကြားသိရကြောင်း ကားဝယ်ရောင်းများက ပြောကြားသည်။

ကားဈေးကွက်အတွင်း ဖောက်စွပ်ယာဉ်ဂယက်ကြောင့် အရောင်းအဝယ်မကောင်းရာမှ ယခုအခါ ယင်းသို့လိမ်လည် ရောင်းချမှုများကြောင့် ကားဈေးကွက်အတွင်း ဂယက်ထနေကြောင်း ၎င်းတို့က ဆိုသည်။

S-04