News

POST TYPE

POPULAR POST

ဝန်ကြီးဌာနအသစ်တစ်ခုထပ်တိုးရန် မနက်ဖြန် လွှတ်တော်တွင် ရှင်းမည်
11-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ပြည်ထောင်စုဝန်ကြီးဌာနအသစ်တစ်ခု ထပ်တိုးဖွဲ့ရန်ကိစ္စ မနက်ဖြန် (နိုဝင်ဘာ ၁၂ ရက်) ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ရှင်းလင်းမည်ဖြစ်ကြောင်း ယင်းလွှတ်တော်ထုတ်ပြန်သည့် လွှတ်တော်အစီအစဉ်အရ သိရှိရသည်။

အသစ်ထပ်တိုးမည့် ဝန်ကြီးဌာနအမည်ကိုမူ မသိရှိရသေးပေ။ NLD ပါတီအစိုးရလက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။

NLD ပါတီအစိုးရလက်ထက်တွင် စုစုပေါင်းဝန်ကြီးဌာန ၂၄ ခုထိရှိပြီး ယခုရှင်းမည့်တစ်ခုပါပေါင်းလျှင် ဝန်ကြီးဌာန ၂၅ ခုထိရှိလာမည်ဖြစ်သည်။ ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်က ဝန်ကြီးဌာနပေါင်း ၃၆ ခုရှိပြီး ဌာနများဖောင်းပွလွန်းသည့်အပြင် ဘဏ္ဍာငွေအကုန်များသည်ဆိုကာ NLD အာဏာရပြီးနောက် ဖြုတ်ပစ်ခြင်း၊ ပေါင်းစည်းခြင်းများပြုလုပ်ခဲ့သည်။

ဝန်ကြီးဌာနသစ်တိုးမည့်ကိစ္စကို အစီအစဉ် ၈ တွင် ဖော်ပြထားသည်။