News

POST TYPE

POPULAR POST

စီရော်နယ်ဒို၏လေ့ကျင့်ကြိုးပမ်းမှုများကို ဂျူဗင်တပ်အသင်းဖော်များ အံ့အားသင့်လျက်ရှိ
05-Nov-2018

 

တူရင်၊ နိုဝင်ဘာ ၅

 

စီရော်နယ်ဒို၏ဂျူဗင်တပ်အသင်းဖော်ကစားသမားများသည် စီရော်နယ်ဒို၏လေ့ကျင့်ကြိုးပမ်းမှုများကို လွန်စွာအံ့အားသင့်နေကြပြီး ယခုကဲ့သို့သော စဉ်ဆက်မပြတ် အားထုတ်မှုများကြောင့်ပင် စီရော်နယ်ဒိုမှာ ယနေ့အချိန်တိုင်သည်အထိ ထိပ်ဆုံးနေရာတွင် ရပ်တည်နေနိုင်ခြင်းဖြစ်သည်ဟု ဂျူဗင်တပ်အားကစားဒါရိုက်တာ နက်ဗက်ကလည်း ချီးကျူးထားကြောင်း Football Italia က ဖော်ပြထားသည်။

 

စီရော်နယ်ဒိုသည် ဂျူဗင်တပ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်အပြီးတွင် အခြားသောအသင်းဖော်များက အနားယူနေကြသော်လည်း တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းခဲ့ပြီး ဂျူဗင်တပ်နည်းပြ အယ်လ်လီဂရီကလည်း အခြားသောကစားသမားများအနေနှင့် စီရော်နယ်ဒိုကို အတုယူကာ ကိုယ်ပိုင်အသိစိတ်၊ ကိုယ်ပိုင်မခံချင်စိတ်တို့ဖြင့် ကြိုးစားစေချင်ကြောင်း တိုက်တွန်းထားသည်။

 

ဂျူဗင်တပ်အသင်းပိုင်ရှင် အက်ဂ်နယ်လ်လီသည် စီရော်နယ်ဒိုမှာ အသင်းထံသို့ ပြောင်းရွှေ့ရောက်ရှိလာချိန် မကြာမြင့်သေးသော်လည်း အသင်းဖော်အားလုံး၏လေးစားမှုကို ရရှိနေပြီဟု မှတ်ချက်ပေးသွားခဲ့ပြီး အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်သော စီရော်နယ်ဒိုအတွက် ၎င်းင်းတို့အနေနှင့် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၀၀ အသုံးပြုခဲ့သည်မှာ ယင်းသို့သော အတုယူလောက်ဖွယ်ရာ အရည်အသွေးများရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ စီရော်နယ်ဒိုကို အတုယူ၍ လူငယ်မျိုးဆက်သစ်ကစားသမားများလည်း လိုက်ပါကြိုးစားကြစေလို၍ဖြစ်ကြောင်းလည်း အက်ဂ်နယ်လ်လီက ဆက်လက်ရှင်းပြသွားခဲ့သေးသည်။

 

ဂျူဗင်တပ်အသင်းကစားသမားများသည် စီရော်နယ်ဒိုနှင့် တွဲဖက်ကစားရခြင်းက ၎င်းင်းတို့ကို ယုံကြည်မှုပိုင်းဆိုင်ရာ ပိုမိုမြင့်တက်လာစေကြောင်း ဖွင့်ဟ၀န်ခံထားပြီး နည်းပြ အယ်လ်လီဂရီကလည်း ပရီးမီးယားလိဂ်၊ လာလီဂါနှင့် စီးရီးအေပြိုင်ပွဲသုံးရပ်လုံးတွင် အံဝင်စွာ ခြေစွမ်းပြကစားနိုင်သော ကစားသမားဟူ၍ မော်ဒန်ခေတ်ဘောလုံးလောကတွင် စီရော်နယ်ဒိုတစ်ဦးသာ မြင်ဖူးကြောင်း အသိပေးသွားခဲ့သေးသည်။