News

POST TYPE

POPULAR POST

ဘိသိက်မြှောက်တောင်းရမ်းသည့် ပြည်မြို့က လိင်တူလက်ထပ်ပွဲ
05-Nov-2018


ပြည်၊ နိုဝင်ဘာ ၅

အမျိုးသမီးချင်း လိင်တူလက်ထပ်ပွဲ ဖြစ်သော်လည်း မြန်မာ့ရိုးရာထုံးစမ်းအတိုင်း ဘိသိက်မြှောက်တောင်းရမ်းသည့် မင်္ဂလာပွဲတစ်ခု ပြည်မြို့၊ ပန်းတင်ရွာတွင် နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့သည်။

ယောက်ျားစိတ်ခံယူသူ သတို့သား ​မောင်​ကို​အေးက “သူ့(မသီတာလှိုင်ရဲ့) မိဘတွေဘက်​ကလည်း ခွင့်ပြုကြတယ်​။ ဒီဘက်​ကလည်း အဆင်​​ပြေတယ်​။ ပတ်​ဝန်းကျင်​ အခက်​အခဲ​တွေ​တော့ အနည်းအကျဉ်းရှိတယ်​။ ဒါ​ပေမဲ့ အဆင်​​ပြေ​အောင်​ကျော်​ဖြတ်​သွားမှာပါ”ဟု ပြောသည်။

ယခုကဲ့သို့ ထုံးတမ်းစဉ်လာအရ ပတ်ဝန်းကျင်ကို အသိပေးပြီး လက်ထပ်တောင်းရမ်းခြင်းသည် ပြည်ဒေသတွင် ပထမဆုံးအဖြစ် ပြော၍ရနိုင်ပြီး ၎င်းတို့နှစ်ဦးသည်လည်း လူမှုကွန်ရက်တွင် တွေ့ရှိပြီးနောက် ချစ်ကြိုက်ခဲ့၍ တောင်းရမ်းခဲ့ခြင်းဖြစ်သည်။

လိင်​တူချစ်​သူများအ​ရေး လှုပ်​ရှားသူ ကိုငြိမ်းက “တရားဥပ​ဒေအရ တရားဝင်​ လက်ထပ်​ခွင့်​လည်း မရ​သေးဘူး​လေ။ ကျွန်​​တော်​တို့လို လိင်​စိတ်​ခံယူကွဲပြားသူ​တွေက လူ​တွေပါပဲ။ ဘာမှထူးခြားမ​နေပါဘူး။ လူသားတစ်​​ယောက်​ပါပဲ။ ပုံမှန်​အခွင့်​အ​ရေး ရှိစေချင်​ပါတယ်​”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လိင်စိတ်ခံယူမှုကွဲပြားသူများ ထိမ်းမြားလက်ထပ်ရာတွင် တရားဥပဒေအရ တရားဝင် မဖြစ်သေးဘဲ ပုဒ်မ ၃၇၇အရ ၎င်းတို့ကို ကန့်သတ်မှုများ ရှိနေဆဲဖြစ်ကြောင်း လိင်စိတ်ခံယူမှု ကွဲပြားသူများက ပြောဆိုကြသည်။

M-06