News

POST TYPE

POPULAR POST

ဇနီးဖြစ်သူကို ထမင်းချက်ခိုင်း၍ ညီဖြစ်သူကို ရဲတင်းဖြင့်ခုတ်
04-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၎

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်တွင် နိုဝင်ဘာလ ၃ ရက် ညပိုင်းက အသက် ၄၀ အရွယ် ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို ထမင်းချက်ခိုင်းသည့် အသက် ၄၂ နှစ်အရွယ် ညီကို ၎င်း၏အစ်ကိုအရင်းဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။ 

ရဲတင်းဖြင့် ခုတ်ခံရသူ အမျိုးသားမှာ အခင်းဖြစ်ညက နေအိမ်တိုက်ခန်းတွင်ရှိနေစဉ် မရီးဖြစ်သူကို ထမင်းအိုး ဝိုင်းကူချက်ပေးရန် ပြောဆိုခဲ့သောကြောင့် အသက် ၄၅ နှစ် အစ်ကိုအရင်းဖြစ်သူက ကိုယ်ဝန်သည် ၎င်း၏ဇနီးအား ခိုင်းစေသည့်ကိစ္စကို မကျေနပ်၍ ခြေဖြင့်ကန်ပြီး ရဲတင်းဖြင့် ခုတ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

အစ်ကိုဖြစ်သူက ရဲတင်းဖြင့် ခုတ်ခဲ့သောကြောင့် ဦးခေါင်းနှင့် ရင်အုံတွင် ပြတ်ရှဒဏ်ရာများ ရခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရသဖြင့် နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားကို ဖမ်းဆီးပြီး သုဝဏ္ဏနယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၂၆/၃၂၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03