News

POST TYPE

POPULAR POST

လက်ပံတန်း - သာရဝေါရထားခရီးစဉ် အစိုးရက အရှုံးခံပြေးဆွဲ
03-Oct-2018


လက်ပံတန်း၊ အောက်တိုဘာ ၂ 

လက်ပံတန်းမြို့မှ သာရဝေါသို့ အစုန်အဆန်ပြေးဆွဲနေသော ရထားခရီးစဉ်အတွက် တစ်လလျှင် ကျပ်တစ်သိန်းခွဲနီးပါး အရှုံးပေါ်နေသော်လည်း ပြည်သူများသွားလာမှု အဆင်ပြေစေရန် ဆက်လက်ပြေးဆွဲပေးလျက်ကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက ပြောကြားသည်။

အဆိုပါရထားခရီးစဉ်တွင် ပြေးဆွဲလျက်ရှိသော အမှတ် ၁၉၅ အဆန်ရထားနှင့် အမှတ် ၁၉၆ အစုန်ရထားတို့၏ တစ်ရက် ကုန်ကျစရိတ်မှာ ကျပ် ၁၆၄,၀၀၀ ရှိပြီး ဝင်ငွေပြန်ရမှုမှာ ကျပ် ၁၁၀,၀၀၀ ကျော်သာ ရှိသည့်အတွက် တစ်လလုံးအနေနှင့် ကျပ်တစ်သိန်းခွဲနီးပါး (၁၄၈,၃၉၈) အရှုံးပေါ်နေကြောင်း ၎င်းက ရှင်းပြသည်။ 

“လက်ပံတန်း-သာရဝေါခရီးစဉ်ဟာ ကားလမ်းမပေါက်တဲ့ လမ်းပိုင်းဖြစ်တဲ့အတွက် ဒေသခံကျေးရွာလူထုသွား လာရေးအဆင်ပြေစေဖို့ ဒီခရီးစဉ်တွေကို ဆက်လက်ပြေးဆွဲသွားမှာပါ။ ဒီလုပ်ငန်းဟာ ပြည်သူ့အကျိုးပြုလုပ်ငန်း ဖြစ်တဲ့အတွက် ဆက်လက်ပြေးဆွဲဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဆက်လက်ပြောဆိုသည်။ 

ကုန်ကျစရိတ်အနေနှင့် အစုန်အဆန် ရထားနှစ်စင်း (အသွား/အပြန်) အတွက် တစ်ရက်လျှင် ဆီ ၆၆ ဂါလန် ကုန်ကျပြီး တစ်နှစ်ပတ်လုံးအတွက် ၂၄၀,၉၀၀ ဂါလန် ကုန်ကျကြောင်း၊ ဆီတစ်ဂါလန်လျှင် ခန့်မှန်း ၃၅၀၀ ကျပ်ဖြင့်တွက်ပါက ကျပ်သိန်းရှစ် ရာကျော် (၈၄,၃၁၅,၀၀၀) ရှိကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှတ်တမ်းများအရ သိရသည်။ 

လက်ပံတန်း-သာရဝေါ ရထားခရီးစဉ်တွင် လက်ပံတန်း၊ ညောင်ဝိုင်း၊ ခမုံဆိပ်၊ သံဖြူရုံ၊ ကျောက်အိုင်၊ မြစ်မခ၊ ကညင်တိုး၊ ဇီးဖြူကုန်း၊ ဇီးဖြူ၊ ကုန်းရွာမ၊ သာရဝေါဘူတာစသဖြင့် ဘူတာ ၁၀ ဘူတာရှိကြောင်း မြန်မာ့မီးရထားဌာနထံမှ သိရသည်။ 

R-19



  • VIA