News

POST TYPE

POPULAR POST

ဒေါ်လာဈေးကျလာသော်လည်း စက်သုံးဆီဈေးဆက်တက်
02-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂

ဒေါ်လာဈေး ဆက်တိုက်ကျလာသော်လည်း ပြည်တွင်းစက်သုံးဆီဈေးမှာ ယနေ့ (အောက်တိုဘာ ၂ ရက်) တစ်လီတာလျှင် ၁၀ ကျပ် ဆက်တက်နေသည်ကို ဈေးကွက်အတွင်းမှ သိရှိရသည်။

ယနေ့ စက်သုံးဆီဈေးသည် စက်တင်ဘာ ပထမပတ်က ဈေးနှင့်နှိုင်းလျှင် တစ်လီတာ ကျပ် ၅၀ မှ ၁၀၀ အထိ တက်နေသည်။ သြဂုတ်ပထမပတ် ဈေးနှင့်နှိုင်းလျှင် တစ်လီတာ ၁၄၅ ကျပ်မှ ၁၇၅ ကျပ်အထိ တက်နေသည်။

ယနေ့ဒေါ်လာဈေးအရ တစ်ဒေါ်လာကို ၁၅ ကျပ်ကျနေသည်။ စက်တင်ဘာနောက်ဆုံးပတ် ဈေးနှင့်နှိုင်းလျှင် တစ်ဒေါ်လာ ၃၅ ကျပ်ကျသည်။ စက်တင်ဘာတတိယပတ်ဈေးနှင့်နှိုင်းလျှင် တစ်ဒေါ်လာကို ၁၂၅ ကျပ်ထိကျသည်။

S-04


  • VIA